AD
AD
AD

ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို အသင်းတို့ကြား ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂရုဇ်မန်းကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး သဘောတူညီ မှုရရှိခဲ့ကြပြီလို့ သိရပါတယ်။

play

 

အဆိုပါ ပြင်သစ်လက်ရွေးစင်အတွက် အက်သလက်တီကိုအသင်းက ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ အထိရရှိဖို့ ဆန္ဒရှိနေတယ်လို့ သိရပြီး ဘာစီလိုနာအသင်းအနေနဲ့မူ အက်သလက် သတ်မှတ်ထားတဲ့ တန်ကြေးတဲ့ ပိုမို မြင့်မားစွာ ပေးချေပြီး ဂရုဇ်မန်းကို ကာလရှည်စာချုပ် ချုပ်ဆို သွားနိုင်ရေး ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

play

 

ဒါ့အပြင် ဘာစီလိုနာအသင်းအနေနဲ့ ဂရုဇ်မန်းကို လိုချင်နေတဲ့ မန်ယူအသင်းကြောင့်လည်း စာချုပ် မြန်မြန်ချုပ်ဆိုနိုင်ရေးအတွက် အက်သလက် တီကို အသင်းလိုချင်တဲ့ တန်ကြေးထက် ပိုမို မြင့်မားစွာ ပေးချေသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဂရုဇ်မန်းကိုယ်တိုင်ကလည်း အက်သလက်တီကိုအသင်းနေ ထွက်ခွာချင်နေတယ်လို့ သိရပြီး ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကိုတို့အကြား တွေ့ဆုံဆွေးနွေးနေတာဟာ လက်ရှိ သဘောတူညီမှု ရထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂရုဇ်မန်းကလည်း ဘာစီလိုနာအသင်းနဲ့ ကစားခွင့်ရပါက ချန်ပီယံလိဂ် ဆုဖလား ကိုင်မြှောက်နိုင်ခွင့်အတွက် မျှော်လင့်ချက်ရှိမယ်လို့ ယူ ဆထားပြီး စာချုပ်ပါ လစာလည်းမြင့်မားဖွယ်ရှိနေပါတယ်။

ဂရုဇ်မန်းအနေနဲ့ အသင်းပြောင်းရွှေ့ဖို့နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်ကို ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ ထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါ တယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD