AD
AD
AD

အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မော်ရိုအီကာဒီဟာ ဆန်စီရိုမှာ အနာဂတ် မသေချာဖြစ်နေပြီးတော့ ရာသီကုန်မှာ အသင်းနဲ့အတူ သူ့ရဲ့ အနာဂတ်ကို ဆွေးနွေးသွားမယ်လို့ ကာယကံရှင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အီကာဒီအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာချင်နေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

play

 

လူစီယာနိုစပယ်လက်တီရဲ့ အင်တာမီလန်အသင်းဟာ အိမ်ကွင်းမှာ ဆာဆူအိုလိုအသင်းကို စနေနေ့က အရေးနိမ့်ခဲ့ပြီးနောက် အီတလီ စီးရီးအေရဲ့ ထိပ်ဆုံး (၄) သင်းစာရင်းဝင်ဖို့အတွက် မသေမချာဖြစ်ခဲ့ပါတယ်။ အင်တာမီလန်ရဲ့ ရှုံးပွဲဟာ ရိုးမားအသင်းကို အဆင့်(၃) နေရာကို သေချာသွားစေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ လာဇီယိုကိုလည်း အခွင့်အရေးပေးခဲ့သလို ဖြစ်သွားခဲ့ပါတယ်။

play

 

အီကာဒီကတော့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက အင်တာမီလန်ကနေ ထွက်ခွာဖို့ ရှိခဲ့ပေမယ့်လည်း အသင်းမှာ ဆက်နေခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ အင်တာအတွက် (၂၈) ဂိုး သွင်းယူပေးထားတဲ့ ကစားသမားက သူ့ရဲ့အနာဂတ်အတွက် ကလပ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

play

 

" နှစ်တိုင်း ကျွန်တော်ပြောနေကျပါ၊ ကလပ်အသင်းနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်သွားမှာပါ၊ အသင်းမှာ ကျွန်တော် ဆက်ရှိနေတာဟာ အသင်းအတွက် အကောင်းဆုံးလို့ ဆုံးဖြတ်ပြီးနောက် ကျွန်တော် အသင်းမှာ ဆက်ရှိနေခဲ့ပါတယ်၊ အသင်းအတွက် အကောင်းဆုံးဖြစ်အောင် အမြဲတမ်း စွမ်းဆောင်ပေးခဲ့ပြီး ရာသီကုန်မှာတော့ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်သွားရမှာပါ" လို့ အီကာဒီက Sky Sport Italia နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။

play

 

အီကာဒီကတော့ အင်တာမီလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသူ ဖြစ်ပြီးတော့ အသင်းမှာ ထိပ်တန်းအဆင့် ခြေစွမ်းတွေကို ပြသနေခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီကာဒီဟာ ဆမ်ပါအိုလီရဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရမှု အပေါ် စိတ်ပျက်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိအသင်း အင်တာမီလန်အနေနဲ့လည်း ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ မယ်ဆိုရင် အီကာဒီဟာ အသင်းက ထွက်ခွာဖွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Source: AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD