AD
AD
AD

ဂျာမန်ကလပ် ဒေါ့မွန်အသင်းရဲ့ နည်းပြဟောင်း သောမတ် တူချယ်ကို ပီအက်စ်ဂျီအသင်းက လာမယ့်နှစ်ဘောလုံးရာသီသစ်အတွက် နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။

play

 

တူချယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလကတည်းက ဒေါ့မွန်အသင်းနည်းပြအဖြစ်မှ အနားယူခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို ၂ နှစ်စာချုပ်နဲ့ တာ ၀န်ယူ ကိုင်တွယ်တော့မှာလို့လည်းသိရပါတယ်။

play

 

အသက် ၄၄ နှစ်အရွယ်သာရှိသေးတဲ့ နည်းပြ တူချယ်ဟာ ဒေါ့မွန်အသင်းကိုလည်း ၂ နှစ်သက်တမ်း ကြာမြင့်ခဲ့တဲ့အထိ တာဝန်ယူခဲ့တဲ့သူ ဖြစ်ပြီး နည်းပြ အူနိုင်း အမ်မရီရဲ့ နေရာမှာ ဆက်ခံ တာဝန်ယူမှာလည်း ဖြစ်ပါတယ်။

play

 

နည်းပြသစ်စြဖ်လာခဲ့တဲ့ တူချယ်က-" ကြီးကျယ်ခမ်းနားတဲ့ ပူးပေါင်းမှု တစ်ခုပါပဲ။ပီအက်စ်ဂျီအသင်းကို တာဝန်ယူဖို့ ဆုံးဖြတ်လိုက်တာကတော့ သူတို့ အသင်းရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို လေးစားလို့ပါ။" လို့ တူချယ်က ပြောခဲ့ပါတယ်။

တူချယ်ကို ခေါ်ယူနိုင်ခဲ့တဲ့ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဋ္ဌ အယ်ခါလိုင်ဖီကလည်း -" သောမတ်က ဥရောပပြိုင်ပွဲရဲ့ အဆင့်အတန်းမြင့် နည်းပြ တစ် ဦးပါ။အသင်းကို သူရောက်လာတဲ့နှစ်အတွင်း အမြင့်ဆုံး မြင့်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ပြည်တွင်းအောင်မြင်မှုတွေကိုသာ ရယူနိုင်ခဲ့ပြီး ၎င်းတို့အသင်းရဲ့အလိုချင်ဆုံးအောင်မြင်မှု တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အောင်မြင်မှုနဲ့ ဝေးကွာနေဆဲပင်ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD