AD
AD
AD

အလက်ဇန္ဒားအာနိုးလ်ကတော့ လီဗာပူးလ်အတွက် ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနေနိုင်ပြီးတော့ ယာဂင်ကလော့ပ်ရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ အာနိုးလ်ဟာ လီဗာပူးလ်ရဲ့ အရေးကြီးပွဲစဉ်တွေကို ၀င်ရောက်ကစားခွင့် ရနေသူဖြစ်ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လီဗာပူးလ်အတွက် အကောင်းဆုံးသော ခြေစွမ်းတွေကို ထုတ်ဖော် ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

play

 

မေလ (၂၇) ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာတော့ လီဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အာနိုးလ်အတွက် အကြီးမားဆုံးစမ်းသပ်မှုအဖြစ် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာနိုးလ်က စီရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့ဆုံရမယ့် အပေါ်မှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

play

 

" စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ၊ သူနဲ့ ရင်ဆိုင်ရတာက ဂုဏ်ပြုခံရခြင်းတစ်ခုလို့ မျှော်လင့်မိပါတယ်၊ သူနဲ့ မက်ဆီတို့ရဲ့ ကစားပုံတွေကို အမြဲတမ်းကြည့်ရှုဖြစ်ပြီးပါတယ်၊ ကိုယ့်ကိုကိုယ် စိန်ခေါ်ရတာမျိုးကို ကျွန်တော်က အလိုရှိပါတယ်၊ စီရော်နယ်ဒို လို ကမ္ဘာ့အကောင်းဆုံး ကစားသမားနဲ့ ရင်ဆိုင်ရမှာက ကျွန်တော့်အတွက် စမ်းသပ်ချက်တစ်ခုပါပဲ၊ အားလုံးအတွက်လည်း ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာမှာပါ" လို့ အာနိုးလ်က ပြောကြားသွားခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းမှာ စီရော်နယ်ဒိုကစားခဲ့စဉ်က အာနိုးလ်ဟာ လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တွေကို အားပေးကြည့်ရှုနေခဲ့ရတဲ့ အချိန်မှာပဲ ရှိနေခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ ပတ်သက်ပြီးတော့လည်း အာနိုးလ်က - " သူ့ကို အားပေးခဲ့ပါတယ်၊ သူ့ရဲ့ ပရိသတ်တစ်ဦးပေါ့၊ ဒါပေမယ့် သူ မန်ယူမှာ ကစားနေတဲ့အချိန်မှာတော့ မဟုတ်ခဲ့ပါဘူး" လို့ ထပ်မံပြောကြားခဲ့ပါတယ်။

play

 

" သူက မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားတစ်ဦးပါ၊ ဒီရာသီမှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေကလည်း အံ့မခန်းပါပဲ၊ ဒါပေမယ့် မေလ (၂၇) ရက်နေ့မှာတော့ ကျွန်တော်က သူ့ကို ရပ်တန့်သွားစေမှာဖြစ်ပြီး ရီးရဲလ်အသင်းကိုလည်း ကျွန်တော်တို့ အနိုင်ယူသွားမှာ" လို့ အာနိုးလ်က ပြောသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးလ်တို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုတော့ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့က အိုလံပစ်ဘောလုံးကွင်းကြီး မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Source : skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD