AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒိုက အသင်းမှာရှိနေတဲ့ ကစားသမားတွေထဲက ရောင်းချသင့်တဲ့ ကစားသမား(၅)ဦးကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

play

 

ရော်နယ်ဒိုအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် အဓိက စွမ်းဆောင်ပေးထားနိုင်သူ တစ်ဦးဖြစ်သ လိုကိုယ်တိုင်လည်း စံချိန်ကောင်းတွေကို ဆက်တိုက်ပိုင်ဆိုင်ထားနိုင်သူ ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ ရာသီသစ်မှာ အသင်းအတွက် အကောင်းဆုံးပေးဆပ်နိုင်ဖို့ မရှိဘူးလို့ ထင်တဲ့ ကစားသမား(၅)ဦးကို ရော်နယ်ဒိုက ရောင်းချစေ ချင်နေပြီး အဆိုပါ ကစားသမားတွေရဲ့ နာမည်ကိုလည်း အတိအလင်း ထုတ်ဖော်ပြောလာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ရောင်းချစေချင်နေတဲ့ ကစားသမား(၅)ဦးကတော့ ယခုနှစ်ရာသီမှာ အသင်းအတွက် ၁၉ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ လူးကပ်စ် ဗက်စ်ကွက်စ်၊ဒန်နီကာဘယ်လို့စ်၊မားကို့စ် လော်ရန်တေ၊ဘော်ဂျာမေယိုရယ်နဲ့ ဂါရတ်ဘေ်းတို့ပဲ ဖြစ်ပါတယ်။

အဆိုပါကစားသမားများအနေနဲ့ ရီးရဲအသင်းမှာ အကောင်းဆုံးပုံစံ ရရှိနိုင်မှာ မဟုတ်ဘူးလို့ ရော်နယ်ဒိုက ထင်မြင်ချက်ပေးခဲ့ပြီး အသင်းဥက္ကဌကို ထုတ်ဖော်ပြောခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုရောင်းထုတ်စေချင်တဲ့ ကစားသမားတွေထဲမှာ ဝေးလ်လက်ရွေးစင် တောင်ပံ ကစားသမား ဂါရတ်ဘေးလ်လည်း ပါဝင်လာခဲ့တာက တော့ အံ့အားသင့်စရာကောင်းနေခဲ့တာလည်း ဖြစ်ပါတယ်။

ဘေးလ်အနေနဲ့ ရီးရဲအသင်းမှာ ဒဏ်ရာကြောင့် ပုံမှန်ပွဲထွက်ကစားပေးနိုင်ခြင်းမရှိပဲ ဖြစ်နေခဲ့ကာ ၎င်းကို မန်ယူအသင်းက ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရော်နယ်ဒိုရဲ့ ရီးရဲမက်ဒရစ်အသင်းဟာ လာမယ့် မေလ ၂၇ ရက်နေ့မှာတော့ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင် ကစားဖို့ ရှိနေပါတယ်။

Source- EUROSPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD