AD
AD
AD

နှစ်ပေါင်း ၃၆ နှစ်အကြာမှ ကမ္ဘာ့ဖလားကို ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ပီရူး လက်ရွေးစင်အသင်းအတွက် ပီရူး တစ်နိုင်ငံလုံး ပျော်ရွှင် နေချိန်မှာ အသင်းခေါင်းဆောင် ပါအိုလို ဂွါရဲရိုးကြောင့် ပျော်ရွှင်မှုတွေ ရပ်တန့်ခဲ့ရပါတယ်။

play

 

အကြောင်းကတော့ ပီရူး အသင်းခေါင်း ပါအိုလိုအနေနဲ့ တားမြစ်ဆေး သုံးစွဲကြောင့် ဆေးစစ်ချက်အရ တွေ့ရှိရတာကြောင့် ဘောလုံးလောကမှ အနည်းဆုံး ၆ လမှ ၁၄ လ အထိ ကစားခွင့် ပိတ်ပင်ခံရတော့မှာလည်း ဖြစ်ပါတယ်။

play

 

ယင်းအတွက်ကြောင့် လာမယ့် ဇွန်လအတွင်းစတင်တော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပီရူးအသင်းခေါင်းဆောင်အဖြစ် ပါဝင်ကစားခွင့်ရတော့မှာ မဟုတ်တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဖီဖာက ယာယီအားဖြင့် ၁၂လ ပွဲပယ် အမိန့်ချမှတ်ထားပြီး ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးမှု အပြီးမှာတော့ ၎င်းအတွက် တိ ကျတဲ့ပြစ်ဒဏ်ကို ပြောင်းလဲ ချမှတ်သွားမယ်လို့လည်း သိရပါတယ်။

ပါအိုလို ယခုလို ကမ္ဘာ့ဖလားလွဲချော်တော့မယ့် အဖြစ်နဲ့ ပတ်သက်ပြီး -" အရမ်းဝမ်းနည်းဖို့ကောင်းပါတယ်။ဒီသတင်းကြောင့် ကျွန်တော် ဘယ်လို မှမပျော်နိုင်တော့ပါဘူး။ပီရူးပြည်သူအကုန်လုံးက ပါအိုလိုကို ကမ္ဘာ့ဖလားမှာ ကစားတာ မြင်ချင်နေကြတာပါ။" လို့ ပီရူး ပရိသတ် တစ်ဦးက ရင် ဖွင့်ပြောကြားထားတာလည်း တွေ့ရပါတယ်။

ကမ္ဘာ့တားမြစ်ဆေး တားဆီးကာကွယ်ရေးအဖွဲ့က၎င်းကို ၂နှစ်အထိ ပွဲပယ်ချဖို့ တိုက်တွန်းနေတယ်လို့လည်းသိရပေမယ့်လည်း ဖလူမင်ဂို တိုက် စစ်မှူးကတော့ မသန့်ရှင်းတဲ့ ကော်ဖီသောက်မိခဲ့တာကြောင့်လို့ အကြောင်းပြချက်ပေးနေခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်တဲ့ ဂွါရဲရိုးအနေနဲ့ ပီရူးအသင်းအတွက် ၈၆ ပွဲကစားပေးထားပြီး ၃၂ ဂိုးသွင်းယူပေးထား နိုင်သူ ဖြစ်ပြီး နယူးဇီလန်အသင်းနဲ့ ကမ္ဘာ့ဖလား ၀င်ခွင့်ရရေး နောက်ဆုံးအဆင့် ခြေစစ်ပွဲကစားခဲ့တဲ့အထိ ပီရူးအသင်းကို အသင်းခေါင်းဆောင်အဖြစ် ဦး ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD