AD
AD
AD

အက်သလက်တီကိုမက်ဒရစ် နဲ့ မာဆေးလ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်နည်းပြ ဇီဒန်းက မာဆေးလ် အသင်း အနိုင်ရရှိဖို့ မျှော်လင့်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကြာသာပတေးနေ့ မနက်ပိုင်းမှာတော့ လိုင်ယွန်မှာ ကျင်းပမယ့် ဗိုလ်လုပွဲကို ကစားရမှာဖြစ်ပြီး ဇီဒန်းက သူ့နိုင်ငံကလပ်အသင်း အနိုင်ရဖို့ မျှော်လင့်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" သူတို့အနေနဲ့ တစ်စုံတစ်ရာပြုလုပ်ပြနိုင်ဖို့ မျှော်လင့်မိပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်ကအမြဲတမ်း သူတို့အသင်းရဲ့ ပရိသတ် ဖြစ်နေလို့ပါပဲ" လို့ ဇီဒန်းက UEFA ၀က်ဘ်ဆိုက်နဲ့ တွေ့ဆုံမှုမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ " ငယ်ငယ်လေးကတည်းက မာဆေးလ် အသင်းရဲ့ ပရိသတ်ဖြစ်ခဲ့ပြီး ဒါက သူတို့အသင်း ဗိုလ်လုပွဲမှာ အနိုင်ရဖို့အတွက် မျှော်လင့်မိရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်" လို့ ဇီဒန်းက ထပ်မံပြောကြားခဲ့ပါတယ်။

play

 

မာဆေးလ်နဲ့ ကစားရမယ့် အက်သလက်တီကိုအသင်းဟာ ဇီဒန်း ကိုင်တွယ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မြို့ခံပြိုင်ဘက်အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇီဒန်းရဲ့ ပြောကြားမှုမှာတော့ မက်ဒရစ်ဒါဘီပြိုင်ဘက်အသင်း ဖြစ်နေတာမို့ဆိုတဲ့ အကြောင်းရင်းမပါခဲ့ဘဲ သူ ငယ်စဉ်ကတည်းက အားပေးခဲ့တဲ့အသင်းဖြစ်တာကြောင့်လို့ ဖြေရှင်းချက်ပေးခဲ့တာ ဖြစ်ပါတယ်။

play

 

" မာဆေးလ်ဟာ မယုံကြည်နိုင်စရာကောင်းတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒိအသင်းဟာလည်း တကယ့်ကို ခမ်းနားတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်၊ ဒီအသင်းမှာပဲ မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားတွေ ရှိနေပါတယ်" လို့လည်း ဇီဒန်းက ပြောခဲ့ပါသေးတယ်။ မာဆေးလ်အသင်း ကတော့ ၁၉၉၃ ခုနှစ်နောက်ပိုင်းကတည်းက ဥရောပအောင်မြင်မှု ပျောက်ဆုံးနေခဲ့တာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

play

 

အက်သလက်တီကိုမက်ဒရစ်နဲ့ မာဆေးလ်အသင်းတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကိုတော့ မေလ (၁၇) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၁း၁၅) နာရီမှာ လိုင်ယွန်မြို့က အိုလံပစ်လိုင်ယွန်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Groupama Stadium ကွင်းမှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD