AD
AD
AD

ယနေ့နံနက်နောက်ဆုံးရသတင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ဥရောပတလွှားက လိဂ်ပြိုင်ပွဲအသီးသီးက နောက်ဆုံးရရှိထားတဲ့ ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- ချယ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူပြီး လာမယ့်ရာသီမှာ လိုအပ်ချက်တွေရှိနေတဲ့ အသင်းရဲ့တိုက်စစ်ကို အင်အားဖြည့်တင်းသွားမယ်လို့ Telegraph က ရေးသားထားပါတယ်။ ချယ်ဆီးအသင်းဟာ နည်းပြကွန်တီ စတင်ရောက်ရှိတဲ့ရာသီမှာ ပရီးမီးယားလိဂ်ဖလားရရှိခဲ့ပေမယ့် ယခုရာသီမှာ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

 - မန်ချက်စတာစီးတီးအသင်းဟာ လက်စတာစီးတီးအသင်းရဲ့တောင်ပံကစားသမား မာရက်ဇ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိခါနီး ဖြစ်နေပြီလို့ Manchester Evening News က ရေးသားထားပါတယ်။ မန်ချက်စတာစီးတီးအပီသင်းဟာ မာရက်ဇ်ကို ပြီးခဲ့တဲ့ဇန်နဝါရီလက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီးနောက် ယခုအခါမှာ ပေါင်သန်း ၆၀ နဲ့ ထပ်မံခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

play

 

- အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့နည်းပြ အူမရီကို နည်းပြအသစ်အဖြစ် ခန့်အပ်ဖို့ ရွေးချယ်ထားကြောင်း Goal က ရေးသားထားပါတယ်။ အူမရီဟာ ပီအက်စ်ဂျီအသင်းကို အမှတ်ပေးဖလားရယူပေးနိုင်ခဲ့ပြီး ဆီဗီလာအသင်းနဲ့လည်း စံချိန်တင်ဆုဖလားတွေ ရယူခဲ့တဲ့နည်းပြဖြစ်တာကြောင့် အာဆင်နယ်အသင်းက နည်းပြအဖြစ် ခန့်အပ်ဖို့ ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

play

 

- ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပြီး မေလ ၁၃ ရက်နေ့က ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်နဲ့ နေမာရဲ့ကိုယ်စားလှယ်တို့ စကားပြောဆိုခဲ့ပြီးပြီလို့ သိရပါတယ်။

play

 

- ဘူဖွန်ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပြီး လာမယ့်ရက်ပိုင်းအတွင်း အပြောင်းအရွှေ့အပြီးသတ်နိုင်လိမ့်မယ်လို့ Sky Italia က ရေးသားထားပါတယ်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဘူဖွန်ဟာ ၁၇ နှစ်ကြာလက်တွဲခဲ့တဲ့ ဂျူဗင်တပ်အသင်းကို ကျောခိုင်းခဲ့ပြီး နောက်ထပ်ဥရောပအသင်းကြီးတစ်သင်းမှာ ၂ နှစ်ကစားပြီးမှ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD