AD
AD
AD

အင်တာမီလန်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး အီကာဒီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းရဲ့ အပြီးသတ် လူစာရင်းမှ ချန်လှပ်ခံထားရပြီ ဖြစ်ပါတယ်။  ပဏာမ ကစားသမား (၃၅) ယောက်စာရင်းမှာ ပါဝင်ခဲ့တဲ့ အီကာဒီကို အာဂျင်တီးနားနည်းပြ ဆမ်ပါအလိုလီက အပြီးသတ်လူစာရင်းမှာ ချန်လှပ်ထားခဲ့တာဖြစ်ပြီးတော့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘာလာကတော့ ပါဝင်သွားခဲ့ပါတယ်။

play

 

ဒီဘာလာ၊ အဂူရို၊ မက်ဆီ နဲ့ ဟီဂူအင်တို့ကို တိုက်စစ်မှူးများအဖြစ် ဆမ်ပါအိုလီက ရွေးချယ်ခဲ့ပြီးတော့ စီးရီးအေမှာ (၃၄) ပွဲကစားပြီး (၂၉) ဂိုးသွင်းယူနိုင်ခဲ့တဲ့ အီကာဒီကတော့ ရုရှကို လိုက်ပါခွင့် ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ ၀က်စ်ဟမ်းမှ ကွင်းလယ်တိုက်စစ်ကစားသမား လန်ဇီနီကတော့ သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အာဂျင်တီးနားအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

play

 

အခြားပရီးမီးယားလိဂ်အသင်းနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ချယ်လ်ဆီးမှ ဂိုးသမားများဖြစ်တဲ့ ဆာဂျီယိုရိုမီယို နဲ့ ကာဘယ်လာရိုတို့လည်း အပြီးသတ်လူစာရင်းမှာ ပါဝင်သွားခဲ့ပါတယ်။ မန်စီးတီးအသင်း နောက်ခံလူ အော်တာမန်ဒီကလည်း အာဂျင်တီးနားအသင်းရဲ့ ခံစစ်ပိုင်းကို ဦးဆောင်သူအဖြစ် ရုရှကို လိုက်ပါရတော့မှာ ဖြစ်ပါတယ်။ အခြား ပရီးမီးယားလိဂ်ကစားသမားဖြစ်တဲ့ မန်ယူအသင်းမှ ရိုဟိုလည်း ရွေးချယ်ခံခဲ့ရပါတယ်။

play

 

အာဂျင်တီးနားအသင်းရဲ့ လူစာရင်းရွေးချယ်မှုအပိုင်းမှာ မက်ဆီရဲ့ လွှမ်းမိုးမှုတွေရှိနေတယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ခရက်စပိုက ဝေဖန်ခဲ့ပါတယ်။ ခရက်စပိုက အင်တာမီလန်တိုက်စစ်မှူး အီကာဒီ ရွေးချယ်မခံခဲ့ရရင်ဆိုတဲ့ အပေါ်မှာ သုံးသပ်ဝေဖန်ခဲ့တာဖြစ်ပြီးတော့ မက်ဆီဟာ သူနဲ့ ရင်းနှီးတဲ့ ကစားသမားတွေကို ရွေးချယ်ဖို့အတွက် နည်းပြအပေါ် လွှမ်းမိုးချုပ်ကိုင် ထားကြောင်း စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

play

 

အာဂျင်တီးနားအသင်းရဲ့ အပြီးသတ်လူစာရင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

ဂိုး - ဆာဂျီယိုရိုမီယို၊ ကာဘယ်လာရို၊ အာမေးနီးယား

နောက်တန်း - မာကာဒို၊ အန်ဆယ်ဒီ၊ အော်တာမန်ဒီ၊ ရိုဟို၊ ဖာဇီယို၊ တာဂလီဖီကို၊ အေကူနာ

အလယ်တန်း - မာရှေရာနို၊ ဆယ်လ်ဗီယို၊ ဘီဂလီယာ၊ ဂျီယိုဗန်နီလိုဆယ်ဆို၊ ဘာနီဂါ၊ လန်ဇီနီ၊ မီဇာ၊ ဒီမာရီယာ၊ ပါဗွန်

ရှေ့တန်း - မက်ဆီ၊ ဒီဘာလာ၊ အဂူရို၊ ဟီဂူအင်

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD