AD
AD
AD

စပိန်မီဒီယာများရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာရဲ့ မိခင်ဖြစ်သူဟာ သူ့ရဲ့ သားဖြစ်သူကို ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့စေချင်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျူလိုင်လက မီယာမီမှာ ကစားခဲ့တဲ့ ဘာစီလိုနာ နဲ့ ရီးရဲလ်တို့ရဲ့ ခြေစမ်းပွဲကို ကြည့်ရှုခဲ့တဲ့ နေမာရဲ့ မိခင်ကို ရီးရဲလ်မက်ဒရစ်အသင်းက ဆွဲဆောင်နိုင်မှုတွေ ရှိခဲ့တယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။

play

 

စပိန်သတင်းစာ ABC ရဲ့ ဖော်ပြချက်အရ နေမာရဲ့ မိခင်ဟာ သားဖြစ်သူကို ပဲရစ် မှ မက်ဒရစ်သို့ ပြောင်းရွှေ့ကစားစေဖို့ စိတ်အားထက်သန် နေပြီး တိုက်တွန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဘရာဇီးလ်ကြယ်ပွင့် ကစားသမားရဲ့ မိခင်ဖြစ်သူဟာ သူမရဲ့ သားဖြစ်သူအပေါ် ပီအက်စ်ဂျီ အသင်းနဲ့ ပရိသတ်များရဲ့ ဆက်ဆံမှုအပေါ် မကျေမချမ်းဖြစ်နေတယ်လို့လည်း သိရပါတယ်။

play

 

ဘာစီလိုနာအသင်းမှနေ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့မှုမှာ သားဖြစ်သူအနေနဲ့ ကြီးမားတဲ့စွန့်စားမှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပေမယ့် ပီအက်စ်ဂျီပရိသတ်များရဲ့ လေးစားမှုကို မရရှိမှုအပေါ်မှာ နားမလည်နိုင်အောင်ဖြစ်ရကြောင်း သူမက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်း ဥက္ကဌ အယ်လ်ခီလိုင်ဖီရဲ့ ကစားသမားအပေါ် ကာကွယ်ပေးမှုမရှိတာကိုလည်း သူမက ဒေါသထွက်နေခဲ့တယ်လို့ ABC သတင်းစာက ရေးသားခဲ့ပါတယ်။

play

 

နေမာရဲ့ မိခင်ဟာ ပဲရစ်မြို့ကို စွန့်ခွာချင်တယ်လို့ သူမရဲ့ သားနဲ့ ခင်ပွန်းဖြစ်သူကို ပြောကြားခဲ့ပြီးတော့ မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် လှုံ့ဆောင်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ကလက်စီကို ခြေစမ်းပွဲကို ကြည့်ရှုပြီးနောက်မှာ သူမဟာ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူမရဲ့ သားဖြစ်သူ သွားရောက်ကစားဖို့ အသင့်တော်ဆုံး အသင်းဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

play

 

နောက်ဆုံးထွက်ပေါ်လာခဲ့တဲ့ သတင်းများအရ နေမာရဲ့ အေးဂျင့်ဖြစ်သူဟာ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီရက်ဇ် နဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။ နေမာကိုယ်တိုင်ကလည်း ပီအက်စ်ဂျီအသင်းကို စွန့်ခွာချင်နေပြီး စပိန်မြေကို တကျော့ပြန်ခြေချဖို့ အတွက် ဆန္ဒပြင်းပြနေတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ကြပါတယ်။

Source : AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD