AD
AD
AD

ပြီးပြည့်စုံမှုအရှိဆုံးပုံစံနဲ့သာ ကစားခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းဟာ ရီးရဲလ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်တယ် လို့ အဆိုပါ အသင်းနှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ဇာဘီအလွန်ဆိုက ဝေဖန်သုံးသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တုန်းက လီဗာပူးလ် အသင်းရဲ့ ပဉ္စလက်ဆန်ဆန် ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့မှုမှာ အသင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့ဖူးသူ အလွန်ဆိုဟာ ရီးရဲလ်နဲ့လည်း ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

play

 

" မက်ဒရစ်က နောက်ပိုင်းနှစ်တွေမှာ ဆုဖလားတွေ ရရှိခဲ့တဲ့အတွက် ပိုပြီးတော့ ရေပန်းစားနေခဲ့ပါတယ်၊ ဒါပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်၊ ဗိုလ်လုပွဲမှာဆိုရင် ပိုပြီးတော့တောင်မှ ဖြစ်နိုင်ပါသေးတယ်" လို့ အလွန်ဆိုက ပြောဆိုခဲ့ပါတယ်။ နည်းပြ ယာဂင်ကလော့ပ်ရဲ့ လက်ထက်မှာ လီဗာပူးလ်ဟာ ဆုဖလားရယူဖို့ အချိန်ကို ရောက်ရှိနေပြီလို့လည်း အလွန်ဆိုက ယုံကြည်နေပါတယ်။ ဒီအကြောင်းကို -

play

 

" သူတို့အသင်းက ကစားသမားတွေဟာ ဒီလိုပွဲအတွက် အတွေ့အကြုံမရှိသေးပါဘူး၊ ဒါက သူတို့အတွက် ပထမဆုံးချန်ပီယံလိဂ်ဖိုင်နယ် ဖြစ်ပါတယ်၊ စိတ်လှုပ်ရှားမှုတွေတော့ ရှိနေမှာပါပဲ၊ ဒါက အရမ်းအရေးကြီးတဲ့ အနေအထားပါ၊ သူတို့အနေနဲ့ အသင်းကို ဟန်ချက်ညီညီနဲ့ တည်ဆောက်နီုင်ပြီးတော့ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဗိုလ်လုပွဲဟာ သူတို့အတွက် ဖြစ်လာပါလိမ့်မယ်" လို့လည်း သူက သုံးသပ်ခဲ့ပါတယ်။

 

ယာဂင်ကလော့ပ်ကတော့ ၂၀၁၃ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဒေါ့မွန်အသင်းနဲ့အတူ တက်ရောက်နိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပြီး ဆုဖလား လက်လွှတ်ခဲ့ရသူ ဖြစ်ပါတယ်။ အခုအခါမှာလည်း ဥရောပအင်အားကြိးအသင်းဖြစ်တဲ့ ရီးရဲလ်နဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ကလော့ပ်နဲ့ ပတ်သက်ပြီးတော့လည်း အလွန်ဆိုက အခုလိုပဲ သုံးသပ်ခဲ့ပါသေးတယ်။

play

 

" သူ့အနေနဲ့ အသင်းကို အကောင်းဆုံးပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ သူက ပွဲတစ်ပွဲကို ကောင်းကောင်း ခြုံငုံသုံးသပ်နိုင်သူပါ၊ အသေးစိတ်ကအစပေါ့၊ မက်ဒရစ်ကို ရပ်တန့်နိုင်ဖို့ဆိုတာက အရမ်းခက်ခဲသလို အနိုင်ယူဖို့ကလည်း ခက်ခဲမယ်ဆိုတာ သူ ကောင်းကောင်း သိပါတယ်၊  ဒါကြောင့် သူတို့အနေနဲ့ အကောင်းဆုံးကစားနိုင်ဖို့ လိုအပ်ပါတယ်၊ သူတို့အနေနဲ့ ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားနိုင်ဖို့ လိုအပ်ပါတယ်" လို့ အလွန်ဆိုက ထပ်မံပြောကြားခဲ့ပါတယ်။

play

 

စပိန်ကစားသမားဟောင်းကြီး ဇာဘီအလွန်ဆိုဟာ လီဗာပူးလ်အသင်းမှာ (၅) နှစ်ကြာ ကစားခဲ့သူ ဖြစ်ပြီးတော့ အသင်းအတွက် အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်ရဲ့ အချစ်တော်ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ လီဗာပူးလ်အတွက် အကောင်းဆုံး ကစား ပေးပြီးနောက်မှာ အလွန်ဆိုဟာ ရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့ပြီး ရီးရဲလ်မှာလည်း (၆) နှစ်နီးပါးခန့် ကစားပေးခဲ့သူ ဖြစ်ပါတယ်။

Source : espn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD