AD
AD
AD

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်အတွက် ဂါရတ်ဘေးလ်ဟာ အသုံးဝင်မယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ဝေးလ်အသင်းနည်းပြ ရွိုင်ယန်ဂစ်က ညွှန်းဆိုပြောကြားလိုက်ပါတယ်။ ဂါရတ်ဘေးလ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက် ပါဝင်နိုင်ဖို့ အခုထက်ထိ သေချာမှု မရှိသေးတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် (၂)ကျော့လုံးမှာလည်း ဘေးလ်ဟာ လူစားဝင်ကစားသမာအဖြစ်သာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ဘေးလ်အနေနဲ့ အကောင်းဆုံးခြေစွမ်းတွေ ပြသနေခဲ့ပြီး နောက်ဆုံးလေးပွဲမှာ သုံးဂိုးအထိ သွင်းယူပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ပြသနေခဲ့ပါတယ်။ ဒီရာသီမှာလည်း ဘေးလ်ဟာ ရီးရဲလ်အတွက် (၁၉) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

play

 

ရွိုင်ယန်ဂစ်ကတော့ သူ့ရဲ့ ကစားသမားအပေါ် ယုံကြည်မှုအပြည့်အ၀ရှိနေပြီး ဘေးလ်ရဲ့ စွမ်းဆောင်ရည်ကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ ရလာဒ်ဟာ ပြောင်းလဲသွားနိုင်တယ်လို့ ယူဆနေခဲ့ပါတယ်။ " အချိန်တိုင်းမှာ ဂါရတ်ဘေးလ်က သူ့ရဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်သူပါ" လို့ ရွိုင်ယန်ဂစ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

play

 

" ပရိုဖက်ရှင်နယ်ပီသသူဖြစ်ပြီးတော့ အသင်းအတွက် ပါဝင်ကစားခွင့်မရချိန်မှာလည်း သူက ငြူစူတတ်သူ မဟုတ်ပါဘူး၊ သူ့အနေနဲ့ အသင်းအတွက် ကစားခွင့်ရတိုင်းမှာ ဂိုးသွင်းနိုင်ဖို့အတွက် ကြိုးစားသူလည်း ဖြစ်ပါတယ်၊ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ကွင်းထဲမှာ သူ့ရဲ့ ခြေစွမ်းကို အကောင်းဆုံးပြသနိုင်ဖို့ အားထုတ်တတ်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်" လို့ ဂစ်က ထပ်မံပြောဆိုခဲ့ပါတယ်။

play

 

" ဗိုလ်လုပွဲမှာ သူ ပါဝင်လာမယ်ဆိုရင်တော့ အသင်းအတွက် အောင်မြင်မှုရယူပေးဖို့ ဆာလောင်နေတဲ့ သူ့ကို မြင်တွေ့ရမှာပါ၊ သူ ပါဝင်လာမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမယ့် သူ မပါလာခဲ့ဘူးဆိုရင်လည်း သူဟာ အသင်းအနိုင်ရလို့ နည်းပေါင်းစုံနဲ့ ဂိုးသွင်းနိုင်ဖို့ ကြိုးစားမယ်ဆိုတာ သေချာပါတယ်" လို့ ရွိုင်ယန်ဂစ်က ဝေးလ်လက်ရွေးစင် ကစားသမားအပေါ် ချီးကျူးခဲ့ပါတယ်။

play

 

ဂါရတ်ဘေးလ်ဟာ ရီးရဲလ်အတွက် နောက်ဆုံးကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် (၃)ပွဲဖြစ်တဲ့ ဘာစီလိုနာနဲ့ပွဲမှာ တစ်ဂိုး၊ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး လာလီဂါနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာလည်း တစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး (၃) ပွဲဆက်တိုက် သူ့ရဲ့ သွင်းဂိုးတွေနဲ့ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေခဲ့ပါတယ်။

Source : Skysports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD