AD
AD
AD

စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်အတွက် (၃) နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဆုဖလားကြီးကို အရယူနိုင်ဖို့အတွက် (၅) ရက်သာ လိုပါတော့တယ်။ ချန်ပီယံလိဂ်ရဲ့ ဘုရင်လို့ တင်စားခေါ်ဝေါ်ခြင်း ခံထားရတဲ့ ရီးရဲလ်အသင်းအတွက် သမိုင်းဝင်အောင်ပွဲကို ရယူနိုင်ဖို့အတွက် အဓိက ပဲ့ကိုင်ပေးနေသူက ကစားသမားဟောင်းတစ်ဖြစ်လဲ ဇီဒန်းပဲ ဖြစ်ပါတယ်။ ရီးရဲလ်အတွက် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုကို အရယူနိုင်ဖို့အတွက် အရေးပါတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လာခဲ့ပါပြီ။

play

 

ဒီနေရာမှာ ရီးရဲလ်နည်းပြ ဇီဒန်းအတွက် ခေါင်းခဲစရာ ဖြစ်လာခဲ့တာက ဗိုလ်လုပွဲအတွက် ဘယ်ကစားသမားကို ပွဲထွက်ကစားခွင့် ပေးရမလဲ ဆိုတဲ့ ပြသနာပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ရီးရဲလ်တိုက်စစ်အတွက် ဇီဒန်း ခေါင်းကိုက်နေရတာ ဖြစ်ပြီး အသင်းအတွက် မပါမဖြစ် အရေးကြီးတဲ့ ကစားသမား စီရော်နယ်ဒိုအတွက် တစ်နေရာစာကတော့ သေချာနေပါတယ်။ ဒါပေမယ့်လည်း အစ္စကို၊ ဘေးလ် နဲ့ ဘန်ဇီမာတို့ (၃) ဦးထဲက ဘယ်ကစားသမားကို ပွဲထွက်ခွင့်ပေးရမလဲဆိုတာ ဇီဒန်းအတွက် ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ အခြေအနေမှာ ရှိနေခဲ့ပါပြီ။ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဒီကစားသမား (၃) ဦးထဲက တစ်ယောက်ကတော့ အရံခုံမှာ ထိုင်နေရမှာဖြစ်ပြီး ဘယ်သူ့ကို ချန်လှပ်ရမလဲ ဆိုတာကို ဇီဒန်း ရွေးချယ်ရ ခက်နေခဲ့တာပါ။

play

 

၂၀၁၇-၁၈ ဘောလုံးရာသီဟာ ရီးရဲလ်အတွက်တော့ ရိုလာကိုစတာာ စီးနေခဲ့ရသလို  အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ စပိန်လာလီဂါမှာ အခြေမလှဖြစ်ခဲ့ပြီးနောက် ဇီဒန်းဟာ ချန်ပီယံလိဂ်ဘက်ကို ပိုမိုအားစိုက်ခဲ့ပြီး (၃) ကြိမ်ဆက် ဆုဖလားကို အရယူဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်ခဲ့တဲ့အတိုင်းလည်း ဇီဒန်းဟာ ချန်ပီယံလိဂ်မှာ ဥရောပအင်အားကြီးအသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ဆုံးအဆင့်အထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဇီဒန်း နဲ့ ရီးရဲလ်အသင်း အတွက် အရေးအပါဆုံး ဖြစ်ခဲ့သူကတော့ စီရော်နယ်ဒိုပါပဲ။ သူ့ရဲ့ စံချိန်တင်သွင်းဂိုးတွေ၊ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်မှုတွေနဲ့ ချန်ပီယံလိဂ်မှော်အောင်ထားရလောက်တဲ့အထိကို ညွှန်းဆိုရမယ့် စီရော်နယ်ဒိုရဲ့ ခြေစွမ်းတွေကြောင့် ရီးရဲလ်ဟာ သမိုင်းဝင်အောင်ပွဲတစ်ခုကို ပိုင်ဆိုင်ဖို့ အနီးစပ်ဆုံးနေရာကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

play

 

ဖာမီနို၊ ဆာလာ၊ မာနေးတို့ရဲ့ တိုက်စစ်အစွမ်းနဲ့ ချန်ပီယံလိဂ်မှာ တကျော့ပြန်အောင်မြင်မှု ရရှိဖို့ ချိန်ရွယ်လာခဲ့တဲ့ ကြိုးကြာနီတပ်သားတွေကို ရပ်တန့်ပစ်ဖို့အတွက် ဇီဒန်းရဲ့ အကြီးမားဆုံး အခက်အခဲကတော့ အသင်းအတွက် အကောင်းဆုံးကစားသမားတွေကို ပေါင်းစပ်ပြီး ပွဲထုတ်လာ ဖို့ပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို (၂) ဂိုးသွင်းယူပြခဲ့တဲ့ ဘန်ဇီမာ၊ အသင်းရဲ့ ကွင်းလယ်တိုက်စစ်မှာ အကောင်းဆုံး စွမ်းဆောင် ပြနေတဲ့ အစ္စကို နဲ့ လာလီဂါနောက်ဆုံး (၃)ပွဲဆက် ဂိုးသွင်းယူခဲ့တဲ့ ဂါရတ်ဘေးလ်တို့ကို ဇီဒန်း ဘယ်လိုသုံးသပ်ပြီးတော့ နေရာပေးမလဲ ဆိုတာကို စပိန်မီဒီယာတွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခဲ့ပြီး လေ့လာသုံးသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

play

 

ဘန်ဇီမာကတော့ လာလီဂါမှာ ဂိုးပေါက်ပျောက်ဆုံးနေပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အရှိန်က ရှိနေပါတယ်။ ဂါရတ်ဘေးလ်ကတော့ လာလီဂါ နောက်ဆုံး(၃)ပွဲဆက်တိုက် ဂိုးသွင်းပြခဲ့ပြီး သူ့အတွက် တစ်နေရာစာကို ခြိမ်းခြောက်နေခဲ့ပါတယ်။ တစ်ဖက်မှာ အစ္စကိုကလည်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေတာက ဇီဒန်းရဲ့ လူရွေးချယ်မှုအပိုင်းကို အခက်တွေ့စေခဲ့ပါတယ်။ အစ္စကိုဟာ ကွင်းအတွင်းမှာ အသင်းရဲ့ Playmaker အဖြစ် လုပ်ပြနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ဟာ ဘောလုံးပိုင်ဆိုင်မှုကို အားပြုပြီး ကစားတာမဟုတ်ပဲနဲ့ ယာဂင်ကလော့ပ်ရဲ့ နာမည်ကျော် Pressing ကစားကွက်ကို အကောင်းဆုံး ကစားနေတာမို့ အစ္စကိုကစားတဲ့ ပုံစံဟာ လီဗာပူးလ်ဘက်ကို ကြီးကြီးမားမား အန္တရာယ်ပေးနိုင်ဖွယ်ရာ မရှိပါဘူး။

play

 

ဒါကြောင့် ရီးရဲလ်အနေနဲ့ ဘောလုံးကိုင်ကစားဖို့ ကြိုးစားမယ်ဆိုရင်တော့ သူတို့အတွက် စွန့်စားရာကျလွန်းမှာပါ။ လီဗာပူးလ်ရဲ့ ဘောလုံးရှိ ချိန်မှာရော၊ ဘောလုံးဆုံးရှုံးချိန်မှာရော ပြိုင်ဘက်ကို တရစပ်ဖိအားပေး ကစားတဲ့ ပုံစံကြောင့် တစ်ချက်ကလေးမှားလိုက်တာနဲ့ လီဗာပူးလ်ရဲ့ မြန်ဆန်သွက်လက်တဲ့ တိုက်စစ်အစပြုမှုကြောင့် နောက်ကောက်ကျသွားနိုင်ပါတယ်။ ဘန်ဇီမာကတော့ သူ့ရဲ့ အဆိုးရွားဆုံးဂိုးမိုးခေါင်မှုကနေ ပြန်လာနိုင်ပြီဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်မြှားဦးမှာ ဘန်ဇီမာဟာ ဧရိယာအတွင်း ပြိုင်ဘက်နောက်ခံလူတွေရဲ့ အာရုံ သူ့အပေါ် ကျရောက်လာအောင် မြူဆွယ်ကစားပြီး တိုက်စစ်ဖော် စီရော်နယ်ဒိုအတွက် နေရာလွတ်တွေရအောင် ရှာဖွေပေးရမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဇီဒန်းအနေနဲ့ သူ့အသင်း ကစားကွက်ကို သမာရိုးကျ ကစားကွက်ဖြစ်တဲ့ ၄-၄-၂ ပုံစံနဲ့ ပွဲထွက်လာသင့်ပြီး ဂါရတ်ဘေးလ် နဲ့ ဘန်ဇီမာတို့ကို ပွဲထွက်ခွင့်ပေးသင့်ပါတယ်။ အစ္စကိုကတော့ နောက်ထပ်တစ်ကြိမ် အရံခုံမှာပဲ ရှိနေရမှာ ဖြစ်ပါတယ်။

play

 

ဘေးလ်ဟာ ဗီလာရီးရဲလ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့ သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် ကိုယ်တိုင်ရော၊ နည်းပြကပါ ယုံကြည်မှု ရှိနေစေဖို့ ဖန်တီးနိုင်ခဲ့ပါတယ်၊ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ဘေးလ်အနေနဲ့ သူ့ရဲ့ ခြေစွမ်းကြောင့် အသင်းအတွက် ပါဝင်ကစားခွင့် မရရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ သူ့ရဲ့ ခြေစွမ်းက အဲဒီအချိန်က ခြေစွမ်းနဲ့ ကွာခြားမှုတွေ ရှိနေခဲ့ပါပြီ။ အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူပြနေပြီး တစ်စုံတစ်ရာ လုပ်ပြနိုင်စွမ်းရှိနေတဲ့ အနေအထားမှာ အသင့်ဖြစ်နေခဲ့တယ်။ ဒါကြောင့်မို့လို့ ရီးရဲလ်အနေနဲ့ လီဗာပူးလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် အကြင်နာတရားကင်းမဲ့တဲ့ တိုက်စစ်ပိုင်းကို ပုံဖော်ဖို့ဆိုရင်တော့ ဂါရတ်ဘေးလ်ကို ပွဲထွက်လူစာရင်းမှာ မဖြစ်မနေ ထည့်သွင်းရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD