AD
AD
AD

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ ပီရူး အသင်းခေါင်းဆောင် ပါအိုလို ဂွါရဲရိုး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြန်လည်ပါဝင်ခွင့်ရရှိရေး အတွက် ပြိုင်ဖက် အုပ်စုတွင်းမှ အသင်းခေါင်းဆောင်များဖြစ်ကြတဲ့ လိုရစ်၊ဂျီဒီနက်နဲ့ ဆိုင်မွန်ကေဂျာတို့က အိတ်ဖွင့်ပေးစာများ ဖီဖာကို ပေးပို့ခဲ့ကြတယ် လို့ သိရပါတယ်။

play

 

ဂွါရဲရိုးအနေနဲ့ လက်ရှိမှာ တားမြစ်ဆေး သုံးစွဲမှု တွေ့ရှိမှုကြောင့် ၆လ ပွဲ ကစားခွင့်ပိတ်ပင်ခံထားရသူ ဖြစ်ပြီး အဆိုပါ ပြစ်ဒဏ်ကြောင့် ဂွါရဲရိုးမှာ လာမယ့်လမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားခွင့်ရရှိတော့မှာ မဟုတ်ပါဘူး။

play

 

လက်ရှိမှာတော့ ကမ္ဘာ့ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖီဖာကို အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ လာခဲ့ပြီး ဂွါရဲရိုးကို ကမ္ဘာ့ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အိတ်ဖွင့်ပေးစာကိုတော့ အင်္ဂါ(ယနေ့)နေ့မှာတော့ ပီရူးအသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စုတွင်း ပြိုင်ဖက်အသင်းများဖြစ်တဲ့ ပြင်သစ်၊ဒိန်းမတ် နဲ့ သြစတြေးလျ အသင်းခေါင်းဆောင်များရှေ့မှာ ဖွင့်ဖောက်ခဲ့တယ်လို့ သိရပါတယ်။

အိတ်ဖွင့်ပေးစာမှာ ရေးသားထားတာကတော့ -" ဂွါရဲရိုးဟာ နိုင်ငံအသင်းအတွက် ၁၄ နှစ် ကိုယ်စားပြုခဲ့သူတစ်ဦးပါ။နောက်ဆုံးမှာတော့ ၃၆ နှစ် အကြာမှာ ပီရူးအသင်း ကမ္ဘာ့ဖလား ၀င်ခွင့်ရခဲ့ပါပြီ။ဒီအခြေအနေမှာ နိုင်ငံအတွက် ၁၄ နှစ်လောက်ပေးဆပ် ကစားခဲ့တဲ့ သူတစ်ဦးအနေနဲ့ ကမ္ဘာ့ ပြိုင်ပွဲကို ၀င်ခွင့်ရသ့င်တယ်လို့ ထင်မိပါတယ်။" လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒီအိတ်ဖွင့်ပေးစားအတွက် ကမ္ဘာ့ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖီလစ်ပီပိုင်ရက်နဲ့ အထွေထွေအတွင်းရေးမှူး သီအို ဗန်တို့က လက်မှတ်ထိုးထောက်ခံခဲ့ပြီးတော့ ပြိုင်ဖက်အသင်းခေါင်းဆောင်များကလည်း အဆိုပါ အိတ်ဖွင့်ပေးစာအတွက် ထောက်ခံ လက်မှတ် ရေးထိုးပေးခဲ့ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေနဲ့ ဂွါရဲရိုးရဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ပေးသွားမလဲဆို စိတ်ဝင်စားဖွယ်စောင့် ကြည့်ရတော့မှာလည်း ဖြစ်ပါတယ်။

Source- Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD