AD
AD
AD

အီတလီဘောလုံးလောကရဲ့ ဂန္ထ၀င်ကစားသမားကြီး ပီယာလိုရဲ့ အမှတ်တရ ဂုဏ်ပြုပွဲကို တနင်္လာနေ့က မီလန်မြို့မှာ ကျင်းပခဲ့တယ် လို့သိရပါတယ်။ အီတလီအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပီယာလိုဟာ မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးမှာ ကစားခဲ့ပြီးနောက် ဘောလုံးသမားဘ၀မှာ အနားယူသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

play

 

အေစီမီလန်၊ အင်တာမီလန် နဲ့ ဂျူဗင်တပ်စ်အစရှိတဲ့ အီတလီထိပ်သီးအသင်း (၃) သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ ပီယာလိုဟာ သူ့ရဲ့ အမှတ်တရဂုဏ်ပြုဘောလုံးပွဲကို မီလန်နှစ်သင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဆန်စီရိုမှာ ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အဖြူရောင်အသင်း နဲ့ အပြာရောင်အသင်း ဆိုပြီး ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီးတော့ ပီယာလိုကတော့ နှစ်သင်းစလုံးဘက်မှာ ၀င်ရောက်ကစားခဲ့ပါတယ်။ တယ်။ အင်တာ၊ အေစီ နဲ့ ဂျူဗင်တပ်စ်အသင်းတို့မှာ ကျော်ကြားထင်ရှားခဲ့တဲ့ ကစားသမားဟောင်းကြီးတွေ အားလုံးနီးပါး ပါဝင်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

play

 

play

 

အဖြူရောင်အသင်းဘက်မှာ ဒယ်လ်ပီယာရို၊ ဘိုနူချီ၊ ဒီဒါ၊ ရူအီကော်စတာ၊ တော့တီ နဲ့ ဗီယာရီတို့ ပါဝင်ခဲ့ကြပြီး အပြာရောင်အသင်းမှာတော့ ကာဖူး၊ ရှက်ချန်ကို၊ တီဗက်ဇ်၊ ဆီးဒေါ့ဖ် နဲ့ ဘူဖွန်တို့ ပါဝင်ခဲ့ကြပါတယ်။ တစ်ဖက်ကို (၇) ဂိုးစီနဲ့ နှစ်ဖက်ပေါင်းသွင်းဂိုး (၁၄) ဂိုးအထိ သွင်းယူခဲ့ပြီး သရေပွဲဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဖြူရောင်အသင်းဘက်မှ ဖိလစ်ပိုအင်ဇာဂီက ဟက်ထရစ်သွင်းယူခဲ့ပြီးတော့ ပါတို၊ ဗီယာရီ၊ ဒယ်ပီယာရို၊ မက်ထရီ၊ ရှက်ချန်ကို၊ ကွာဂလီရယ်ာ၊ ကာဆာနို၊ ကာဖူး ၊ ဘရော့ခီ နဲ့ လူကာတိုနီတို့ကလည်း သက်ဆိုင်ရာ အသင်း တွေအတွက် ဂိုးသွင်းယူနိုင်ခဲ့ကြပါတယ်။

play

 

play

 

တစ်ဦးတည်းသော အင်္ဂလန်ကစားသမားအဖြစ် နယူးယော့ခ်စီးတီးမှာ ပီယာလိုနဲ့ အသင်းဖော်အဖြစ် တွဲဖက်ကစားခဲ့တဲ့ ဖရန့်လမ်းပတ် ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ပီယာလိုကတော့ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ဗိုလ်ချုပ်အဖြစ် ထင်ရှားခဲ့သူဖြစ်ပြီး သူ့ရဲ့ အကွက်မြင်မြင်ဖန်တီးပေးပို့မှု၊ အလွတ်တည်ကန်ဘောနဲ့ ထူးခြားလှတဲ့ ပယ်နယ်တီကန်သွင်းမှုပုံစံတို့ကြောင့် ဘောလုံးပရိသတ်တိုင်း လေးစားချစ်ခင်မှုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

play

 

play

 

ဒါ့အပြင် ကွင်းတွင်းကွင်းပြင်က သူ့ရဲ့ နေထိုင်မှုစရိုက်ကြောင့်လည်း မီဒီယာစာမျက်နှာများထက်မှာ ပါဝင်မှုနည်းပါးခဲ့ပြီး အနေအထိုင် သိုသိပ်ကျစ်လစ်မှုကြောင့်လည်း အသင်းဖော်များရဲ့ လေးစားမှုကို အပြည့်အ၀ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ကစားသမားဘ၀မှာ စုစုပေါင်း ပွဲအရေအတွက် ၈၇၂ ပွဲအထိ ကစားပေးခဲ့ပြီး သွင်းဂိုးအနေနဲ့ ၈၆ ဂိုး ရယူနိုင်ခဲ့ပါတယ်။

Source : Football Italia

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD