AD
AD
AD

စပါးအသင်းတိုက်စစ်မှူး ဟာရီကန်းဟာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတယ်လို့ သိရှိရပါတယ်။ တနင်္လာနေ့ညက စိန့်ဂျော့စ်ပတ်မှာ တွေ့ဆုံခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ အစည်းအဝေးမှာ နည်းပြ ဆောက်ဂိတ်က အတည်ပြုခန့်အပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူးဟာ အင်္ဂလန်အသင်းရဲ့ (၁၅) ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကို ဦးဆောင်ရတော့မှာ ဖြစ်ပါတယ်။

play

 

" ဟာရီကိန်းဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာထူးချွန်သူဖြစ်ပါတယ်၊ သူ့ရဲ့ အလုပ်အပေါ်မှာ တိကျစေ့စပ်စွာ လုပ်ကိုင်တတ်သူဖြစ်ပြီးတော့ အသင်း ခေါင်းဆောင်တစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံသူဖြစ်ပါတယ်" လို့ ဆောက်ဂိတ်က ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် " သူဟာ အသင်းနဲ့သင့်တော်တဲ့ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် ယုံကြည်နိုင်လောက်တဲ့ အဆင့်အတန်းမှာရှိနေသူဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်" လို့ ဆောက်ဂိတ်က ထပ်မံချီးကျူးခဲ့ပါတယ်။

play

 

ဟာရီကိန်းကတော့ အင်္ဂလန်အသင်းအတွက် ၂၃ပွဲကစားပြီး ၁၂ဂိုး သွင်းယူပေးထားတဲ့ တိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ စကော့တလန်အသင်းနဲ့ ကစားခဲ့စဉ်ကလည်း အသင်းခေါင်းဆောင်အဖြစ် တစ်ကြိမ် တာဝန်ယူခဲ့ဖူးပြီးတော့ အခုဆိုရင်တော့ ခြင်္သေ့သုံးကောင်လို့ အမည်ပြောင်ရတဲ့ အင်္ဂလန်အသင်းကို ထပ်မံဦးဆောင်ရတော့မှာဖြစ်ပါတယ်။

play

 

" တကယ့်ကို ဂုဏ်ယူလောက်စရာ ချီးမြှင့်မှုတစ်ခုပါ၊ ဒါပေမယ့် ကျွန်တော့်အတွက် ဘာမှမပြောင်းလဲသွားပါဘူး၊ ကျွန်တော်က တခြား အသင်းသားတွေနဲ့ အတူတူပါပဲ၊ အားလုံးက အသင်းအတွက်ပေးဆပ်သွားကြမှာဖြစ်ပြီးတော့ အသင်းအတွက်ပဲ အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သွားမှာပါလို့" အသင်းခေါင်းဆောင်ဖြစ်လာသူ ဟာရီကိန်းက ပြောကြားခဲ့ပါတယ်။

play

 

" ကျွန်တော်တို့က ထိပ်တန်းအသင်း ဖြစ်ချင်မှဖြစ်လာပါလိမ့်မယ်၊ ဒါပေမယ့် အသင်းခေါင်းဆောင်ကေင်းတစ်ယောက် ပိုင်ဆိုင်ထားပြီး အသင်းရဲ့ တန်ဖိုးတွေကို ပြသနိုင်မှာပါ၊ ဟာရီကိန်းအနေနဲ့ စိန်ခေါ်မှုတွေကို အကောင်းဆုံးရင်ဆိုင်ကျော်ဖြတ်ပြဖို့ အသင့်ရှိနေပြီဆိုတာ ကျွန်တော် ယုံကြည်ပါတယ်" လို့ ဆောက်ဂိတ်က ထပ်မံပြောကြားခဲ့ပါသေးတယ်။

play

 

အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီမှာ ခြေစွမ်းပွဲနှစ်ပွဲ ကစားသွားမယ်လို့ သိရပြီး နိုင်ဂျီရီးယား၊ ကော်စတာရီကာအသင်းတို့နဲ့ ဇွန်လ (၂) ရက်နေ့ နဲ့ (၆) ရက်နေ့များမှာ ကစားသွားမှာဖြစ်ပါတယ်။

Source : thefa

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD