AD
AD
AD

ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားမယ့် လီဗာပူး ကစားသမားတွေအနေနဲ့ ရော်နယ်ဒိုနဲ့ရင်ဆိုင်ဖို့ ယုံကြည်မှု အပြည့်အ၀ရှိဖို့လိုအပ်ပြီး ဘာကြောင့်လဲ ဆိုတော့ ရော်နယ်ဒိုအနေနဲ့ မနှစ်က ခြေစွမ်းမျိုးနဲ့တူညီတဲ့အခြေအေနတစ်ခုမှ ရှိမနေတော့တာကြောင့် ဖြစ်တယ်လို့ လီဗာပူး ကစားသမား ဟောင်း ဂရေမီဆောင်းနက်စ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအနေနဲ့ မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပထမဆုံး ချန်ပီယံလိဂ် ဆုဖလားကို ကာကွယ်နိုင်တဲ့အသင်း အဖြစ် ရီးရဲအသင်းကို မှတ်တမ်းဝင်စေခဲ့ရာမှာ အဓိက အခန်း ကဏ္ဍကပါဝင်ခဲ့သူ ဖြစ်ပါတယ်။

play

 

ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက် ၁၂၀ ဂိုးအထိသွင်းယူထားနိုင်ပြီး လက်ရှိမှာလည်း ပြိုင်ဖက်အသင်းတွေရဲ့ ကြောက်စရာအကောင်းဆုံး ပြိုင်ဖက် ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ သူ့ရဲ့ လုပ်အားတွေကို အချိန်ကာလကြာမြင့်စွာ ထုတ်သုံးခဲ့ပြီးပြီဖြစ်ပြီး လာမယ့်ဗိုလ်လုပွဲမှာ တော့ ဂိုးသွင်းယူနိုင်စွမ်းတောင်ရှိမနေတော့ဘူးလို့ ဆောင်းနက်စ်က ဆိုပါတယ်။

"သူ့အချိန်တွေ ကုန်ဆုံးခဲ့ပါပြီ။သူ မကြာခဏပြစ်ဒဏ်ဘောတွေလုပ်နေပါတယ်။ဒါ့အပြင် သူဟာ အရင်ကလို နေရာစုံ မကစားနိုင်တော့ပဲ သူရဲ့ နေရာကျဉ်းကျဉ်းလေးထဲမှာပဲ ကစားနိုင်တော့သူပါ။သူက ကြီးကျယ်ခမ်းနားတဲ့ ကစားသမာတစ်ယောက်ပါ၊ဒါပေမယ့်လည်း နောက် ၁၂ လလောက်သာ ကြာမြင့်တော့မှာပါ။" လို့ ပြောခဲ့ပါတယ်။

ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ် သွင်းဂိုး ၁၅ ဂိုးအထိသွင်းယူထားတဲ့ ရော်နယ်ဒိုအနေနဲ့ ကစားသမားဘ၀တစ်လျှောက် ၎င်းရဲ့ ၇ ကြိမ်မြောက် ချန် ပီယံလိဂ် ဂိုးအများဆုံးသွင်းယူသူအဖြစ် ပိုင်ဆိုင်နိုင်ဖို့ လီဗာပူးမှ ဖာမီနိုနဲ့ အပြိုင်ရှိနေပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ၄ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် ယခုတစ်ကြိမ် ဗိုလ်လုပွဲမှာ တစ်ဂိုးထပ်မံသွင်းယူနိုင်ပါက ရီးရဲ ကစား သမားဟောင်းဒီစတီဖာနိုတင်ရှိခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ သွင်းဂိုးအများဆုံး စံချိန်ကို (၅)ဂိုးနဲ့ လိုက်မီသွားမှာလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD