AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားတစ်ဦးသူဖြစ်သူ ဆာဂျီယိုရိုမီယိုဟာ ဒူးဒဏ်ရာ ရရှိမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင်တီးနား အသင်းမှ နှုတ်ထွက်ခဲ့ရပြီး ပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီသတင်းကို အာဂျင်တီးနားအသင်းကလည်း ကြေငြာခဲ့ပြီးတော့ ရိုမီယိုအနေနဲ့ ဒူးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ရိုမီယိုဟာ အာဂျင်တီးနားအသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသင်းအတွက် ပွဲထွက်ပါဝင်ဖို့ ရည်မှန်းထား ခဲ့ပေမယ့်လည်း ဒဏ်ရာရရှိခဲ့မှုကြောင့် ကံဆိုးသွားခဲ့ရပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာလည်း အသင်းအတွက် ပါဝင်ကစားဖို့  အခွင့်အရေးရရှိခဲ့ပေမယ့်လည်း ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် မော်ရင်ဟိုက ဒေးဗစ်ဒီဂီယာကိုသာ ရွေးချယ်ခဲ့ပြီး ရိုမီယိုကို ချန်လှပ်ထားခဲ့ပါတယ်။

play

 

အသက် (၃၁)နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂိုးသမားဟာ ၂၀၁၄ ခုနှစ်တုန်းက ဂျာမနီအသင်းရဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာတော့ နိုင်ငံအသင်းကို ကိုယ်စားပြုကစားပေးဖို့ အခွင့်အရေးကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ အပြီးသတ် (၂၃) ဦးစာရင်းကို အင်္ဂါနေ့က ကြေငြာခဲ့ပြီးလည်း ဖြစ်ပါတယ်။

play

 

အာဂျင်တီးနားအသင်းမှာတော့ အခြားဂိုးသမားနှစ်ဦးဖြစ်တဲ့  ကာဘယ်လာရို နဲ့ ရေးဗားပလိတ်အသင်း ဂိုးသမား အာမာနီတို့ ရွေးချယ်ခံထားရပါသေးတယ်။ ရိုမီယိုရဲ့နေရာမှာတော့ မက္ကဆီကိုလိဂ်မှာ တိုက်ဂါးအသင်းရဲ့ ဂိုးသမားဖြစ်သူ ဂက်ဇ်မန်းကို အစားထိုးရွေးချယ်သွားမယ်လို့သိရှိရပါတယ်။

play

 

ရိုမီယိုကတော့ မန်ယူအသင်း ယူရိုပါလိဂ်ဖလား ရရှိစဉ်ကလည်း အသင်းအတွက် အဆိုပါပြိုင်ပွဲမှာ အကောင်းဆုံးလက်စွမ်းတွေပြသခဲ့ပြီး ဆုဖလားရရှိနိုင်ဖို့ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD