AD
AD
AD

အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ တိုက်စစ်မှူး ဟာရီကိန်းက အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားကို အရယူနိုင်စွမ်းရှိတယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။  အသက် (၂၄) နှစ်အရွယ်သာ ရှိသေးတဲ့ ဟာရီဟိန်းဟာ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်း အသင်းခေါင်းဆောင်အဖြစ် အင်္ဂါနေ့က အတည်ပြုခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

play

 

ဟာရီကိန်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၄၁) ဂိုးထိ ရယူပေးနိုင်ခဲ့ပြီး အသင်းကိုလည်း အမှတ်ပေးဇယားရဲ့ အဆင့် (၃)နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အခြေအနေအပေါ်မှာ ဟာရီကိန်းက အခုလိုပဲ သုံးသပ်ပြောကြားခဲ့ပါတယ်။

play

 

" ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရဖို့ အိပ်မက်ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာ ဒီပြိုင်ပွဲဟာ ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေ ပြည့်နှက်နေတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်၊ ကျွန်တော်တို့အသင်း ဒီဖလားကို ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ဒီနေရာမှာ ထိုင်နေပြီးတော့ ဘယ်မှမသွားပဲ ရယူနိုင်မယ်လို့ ပြောနေတာမဟုတ်ပါဘူး၊ ဒီဖလားကို ရယူနိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ" လို့ ဟာရီကိန်းက ပြောကြားခဲ့ပါတယ်။

play

 

" ကျွန်တော်ရော၊ အသင်းက ကစားသမားတွေအားလုံးဟာ အရာရာကို ရယူနိုင်မယ်ဆိုတဲ့ ယုံကြည်စိတ်ခံစားချက် ရှိနေပါတယ်၊ ကျွန်တော်တို့ အားလုံးရဲ့ အိပ်မက်ဟာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်ခွင့်ရဖို့ဖြစ်ပြီး ဒီအတွက် အခွင့်အရေးတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့က ရေပန်းစားနေတဲ့ အသင်းမဟုတ်ပါဘူး၊ ဒါပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီကို ပြန်ကြည့်မယ်ဆိုရင်  လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖိုင်နယ် တက်ရောက်နိုငမယ်လို့ ဘယ်သူကမှ မတွေးထားခဲ့ပါဘူး၊ မန်ယူဆိုလည်း ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်နေခဲ့ပါပြီ" လို့ ဟာရီကန်းက အင်္ဂလန်ကလပ်အသင်းတွေနဲ့ တိုးတက်လာမှုအပေါ် နှိုင်းယှဉ်သုံးသပ်ခဲ့ပါတယ်။

play

 

" ငယ်ရွယ်မှုအတွက် ဆင်ခြေပေးစရာမရှိပါဘူး၊ ဒါက အရမ်းကောင်းတဲ့ အရာတစ်ခုပါ၊ ကျွန်တော်တို့ အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကိုယ်လိုချင်တာရဖို့အတွက်လည်း ကြိုးစားသွားမှာပါ" လို့ ဟာရီကိန်းက ထပ်မံပြောသွားခဲ့ပါတယ်။ အင်္ဂလန်အသင်းကတော့ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် တူနီရှားအသင်းနဲ့ ဇွန်လ (၁၈) ရက်နေ့မှာ ကစားရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ပနားမား၊ ဘယ်လ်ဂျီယံတို့နဲ့ အုပ်စုပွဲစဉ်များ ကစားရမှာ ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD