AD
AD
AD

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တုန်းက နှစ်ဖက်အသင်းပရိသတ်တွေရဲ့ သောင်းကျန်းမှုများကြောင့် လီဗာပူးအသင်းနဲ့ ရိုးမား နှစ် သင်းစလုံးကို ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချမှတ်သွားမယ်လို့ သိရပါတယ်။

play

 

အဆိုပါ ပထမအကျော့ပွဲတွင် နှစ်ဖက်ပရိသတ်များအနေနဲ့ မီးများရှို့ခြင်း၊အရာဝတ္ထုများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး လီဗာပူး အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၇-၆ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

အဆိုပါ ဖြစ်စဉ်မှာ ပွဲမတိုင်မီ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ရုပ်သံ မှတ်တမ်းများအရ ၉ ဦးကို ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ဧပြီလ ၂၆ ရက်နေ့မှာတော့ အီတလီ ပရိသတ် ၂ ဦးကို လီဗာပူး ပရိသတ်တစ်ဦးကို ထိခိုက်နာကျင်စေမှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပြီး လာမယ့် မေလ ၃၁ ရက်နေ့မှာတော့ အဆိုပါ ပြစ်ဒဏ်အတွက် ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။

ဒုတိယအကျော့မှာလည်း ရိုးမားအသင်းရဲ့ အိမ်ကွင်းမှာ ပြဿနာများ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပြန်ပါတယ်။လီဗာပူးအသင်းမှာ အဆိုပါ ဆီ မီးဖိုင်နယ် ပွဲစဉ်မတိုင်မီ ကွာတားဖိုငနယ်အဆင့်မှာလည်း မန်စီးတီးအသင်း ဘတ်စ်ကားကို ပရိသတ်များက အရာဝတ္ထုများဖြင့် ပစ်ပေါက်ခဲ့ကြပါ သေးတယ်။

အဆိုပါ ပြဿနာများအားလုံးအတွက် တရားရုံးမှာ ကြားနာမှုကိုတော့ မေလ ၃၁ ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD