AD
AD
AD

ရီးရဲမက်ဒရစ်အသင်းက ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ မိုဟာမက်ဆာလာကို အသင်းရဲ့ အဓိက ကစားသမား ရော်နယ်ဒိုနဲ့ လဲ လှယ်သွားမှာ မဟုတ်ဘူးလို့ နည်းပြ ဇီဒန်းက ဆိုလိုက်ပါတယ်။

play

 

ယခုနှစ်မှာ ဇီဒန်းရဲ့ ရီးရဲအသင်းအနေနဲ့ ချန်ပီယံလိဂ် ၃ ကြိမ်ဆက် ဆုဖလားအတွက် လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၎င်းတို့ ခေါ်ယူချင် နေတဲ့ ဆာလာကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

play

 

ဆာလာမှာ လီဗာပူးအသင်းကို ယခုနှစ်မှာ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူထားကာ ပရီးမီးယားလိဂ် ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုမှာ ဘလွန်းဒီအောဆု ၅ ကြိမ်ရရှိထားသူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၁ ဂိုးသွင်းယူထားကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၁၅ ဂိုးအထိ သွင်းယူ ထားသူ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်ပြီ ဖြစ်ပေမယ့်လည်း ဆာလာကို လိုချင်မှုကြောင့်တော့ ရော်နယ်ဒိုကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဇီဒန်း က ထုတ်ဖော်ပြောလာခဲ့တာလည်း ဖြစ်ပါတယ်။

ဇီဒန်းက ပြောရာမှာတော့ -" ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ရော်နယ်ဒိုရှိပါတယ်။ဒီလိုကိစ္စမျိုးရှိလာမှာ မဟုတ်ပါဘူး။ဒီအကြောင်းကိုလည်း ရော်နယ်ဒိုကို ပြောပြီးပါပြီိ။" လို့ ဇီဒန်းက ပြောပါတယ်။

ဆက်လက်ပြီးဇီဒန်းက လီဗာပူးအသင်းအနေနဲ့လည်း အောင်မြင်မှုရဖို့ ယခုထက်ပို ကောင်းအောင်လုပ်ဆောင်ဖို့ လိုအပ်သေးတယ်လို့ ဆိုခဲ့ပါ သေးတယ်။

"သူတို့အကြောင်း ကျွန်တော်မသိပါဘူး။သေချာတာက ကွင်းထဲရောက်မှ မြင်ရမှာပါ။သူတို့ ချန်ပီယံဆုအတွက်တော့ ဆာလောင်နေမယ်လို့ ထင် ပါတယ်။"လို့ ဇီဒန်းက ပြောခဲ့ပါသေးတယ်။

ရီးရဲအသင်းမှာ ယခုနှစ် နွေရာသီဈေးကွက်မှာ ဆာလာအပြင် နေမာကိုပါ ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လက်ရှိအချိန်ထိတော့ မည်သည့် ကစားသမားတစ်ဦးတစ်ယောာက်မျှ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်လာခြင်းမရှိသေးပေ။

ရီးရဲနဲ့ လီဗာပူးတို့မှာ လာမယ့် မေလ ၂၇ ရက်နေ့ နံနက် ၁ နာရီ ၁၅(မြန်မာစံတော်ချိန်)မှာ ယူကရိန်းနိုင်ငံ ကိဗ်ျမြို့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD