AD
AD
AD

ဘာစီလိုနာအသင်းရဲ့ ဘယ်နောက်ခံလူ ယော်ဒီအယ်လ်ဘာက သူ့အနေနဲ့  ရီးရဲလ်မက်ဒရစ်အသင်း ကစားသမျှပွဲတိုင်း ရှုံးနိမ့်တာကို မြင်တွေ့ချင်တယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အယ်လ်ဘာအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်အသင်း အနိုင်ရရှိခဲ့ပါက ဂုဏ်ပြုချင်စိတ် မရှိဘူးလို့သိရပါတယ်။ ဒါဟာ လာလီဂါမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို ချီးကျူးဂုဏ်ပြုမှု မပြုလုပ်ခဲ့တဲ့ ရီးရဲလ် အသင်းရဲ့ လုပ်ရပ်အပေါ်ကို အယ်လ်ဘာက ဒေါသထွက်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

"ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး ရီးရဲလ် ချန်ပီယံဖြစ်ခဲ့တုန်းက ကျွန်တော်တို့ ဂုဏ်ပြုခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အသင်းအတွက်တော့ တူညီတဲ့ တုံ့ပြန်မှုမရရှိခဲ့ပါဘူး" လို့ အယ်လ်ဘာက ပြောကြားခဲ့ပါတယ်။ " သူတို့ကစားတဲ့ ပွဲတိုင်း ရှုံးနေတာကို မြင်ချင်မိပါတယ်" လို့လည်း အယ်လ်ဘာက ထပ်မံပြောကြားသွားခဲ့ပါတယ်။

play

 

ဘာစီလိုနာ နဲ့ ရီးရဲလ်အသင်းတို့ရဲ့ အယ်လ်ကလက်စီကိုပွဲမတိုင်ခင်မှာတော့ ဘာစီလိုနာအသင်းက လာလီဂါမှာ ချန်ပီယံဖြစ်ခဲ့ပြီး အဆိုပါပွဲမှာ ပြိုင်ဘက်အသင်းကို လက်ခုပ်တီးဂုဏ်ပြုဖို့အတွက် ရီးရဲလ်အသင်းက ငြင်းဆန်ခဲ့ပြီးနောက် နှစ်ဖက်အသင်းကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ နှစ်ဖက်ကစားသမားတွေကြားမှာလည်း အပြန်အလှန်ပြောဆိုဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အချေအတင် အငြင်းပွား ခဲ့ကြပါသေးတယ်။

play

 

ဒါ့အပြင် အယ်လ်ဘာက အသင်းဖော်မက်ဆီနဲ့ သူ့ရဲ့ ကြားက ဆက်ဆံရေးကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ " သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါပဲ၊ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး၊ သူ့ဆီကို အမြဲတမ်း ဘောလုံးပေးပို့ဖို့ ကြိုးစားပြီးတော့ ကျွန်တော် တို့ဟာ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းကြီးသိနေသူတွေ ဖြစ်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်အဖြစ် တွေ့ဆုံခဲ့ရင်တော့ သူနဲ့ ကျွန်တော်က သူငယ်ချင်းမဟုတ်တော့ပါဘူး" လို့ အယ်လ်ဘာက ပြောဆိုခဲ့ပါတယ်။

play

 

ယော်ဒီအယ်လ်ဘာကတော့ ဘာစီလိုနာအသင်းရဲ့ အမာခံနောက်တန်းကစားသမားတစ်ဦး ဖြစ်ပြီး စပိန်လက်ရွေးစင်အသင်းအတွက်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ ဗလင်စီယာအသင်းမှနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ လာပြီးနောက်ပိုင်းမှာ အယ်လ်ဘာဟာ အသင်းအတွက် အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Source : sport-english

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD