AD
AD
AD

ရီးရဲလ်မက်ဒရစ် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြဟောင်း ကားလို့စ်အန်ဆယ်လော့တီဟာ စီးရီးအေကလပ် နာပိုလီအသင်းရဲ့ နည်းပြသစ် အဖြစ် (၃) နှစ်စာချုပ်နဲ့ ကိုင်တွယ်သွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် (၅၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်ဆယ်လော့တီဟာ နာပိုလီအသင်းကို စီးရီးအေမှာ ဒုတိယရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဆာရီ နှုတ်ထွက်အပြီးမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။

play

 

" ထူးခြားတဲ့ မြို့တော်တစ်ခုက ဘောလုံးကလပ်အသင်းကို ကိုင်တွယ်ခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါတယ်၊ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အားပေးတတ်တဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်" လို့ အန်ဆယ်လော့တီက သူ့ရဲ့ ခံစားချက်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ နာပိုလီအသင်းကတော့ အန်ဆယ်လော့တီအတွက် (၈) သင်းမြောက် ကိုင်တွယ်ရမယ့် အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

play

 

နာပိုလီအသင်းရဲ့ နည်းပြဟောင်း ဆာရီကတော့ ချယ်လ်ဆီးအသင်းမှ နည်းပြကွန်တီရဲ့ နေရာကို အစားထိုးခန့်အပ်ခံရဖွယ်ရှိနေပြီး ချယ်လ်ဆီး အသင်းက ချိတ်ဆက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ နာပိုလီအသင်း ဥက္ကဌ လော်ရန်တစ်နဲ့ ဆာရီတို့ တွေ့ဆုံခဲ့ကြပြီးနောက်မှာ ဆာရီဟာ နည်းပြရာထူးမှ ထွက်ခွာခဲ့ပြီလို့ ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

" အသင်းနဲ့ ပရိသတ်တွေအတွက် ဆာရီ စွမ်းဆောင်ပေးခဲ့မှုတွေကို ကျေးဇူးတင်ပါတယ်၊ သူဟာ  ဘယ်လိုနေရာမျိုးမှာပဲဖြစ်ဖြစ် သူ့ရဲ့ အရည်အချင်းကို အားလုံးက သဘောကျနှစ်ခြိုက်အောင် စွမ်းအောင်နိုင်သူပါ၊ ဂုဏ်ယူပါတယ် ဆာရီ" လို့ ချီးကျူးစကားပြောဆိုသွားခဲ့ပါတယ်။ အန်ဆယ်လော့တီကတော့ သူ့ရဲ့ နည်းပြဘ၀မှာ အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့သူဖြစ်ပြီး မတူညီတဲ့အသင်း (၉) သင်းနဲ့အတူ အမှတ်ပေးဖလား (၅) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်နဲ့ အခြားသော ဆုဖလားအများအပြားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

play

 

အန်ဆယ်လော့တီဟာ နည်းပြဘ၀အစကို ရက်ဂျီးနားအသင်းကို ကိုင်တွယ်ပြီး အစပြုခဲ့ကာ ပါးမား၊ ရိုးမား၊ အေစီ၊ ဂျူဗင်တပ်စ်၊ ရီးရဲလ်မက်ဒရစ်၊ ချယ်လ်ဆီး၊ ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ အစရှိတဲ့ အသင်းများကို ကိုင်တွယ်ခဲ့ပြီးတော့ အခုနောက်ဆုံးမှာတော့ နေပယ်လ်မြို့တော်က နာပိုလီအသင်းကို ကြီးကြပ်ကိုင်တွယ်ရတော့မှာလည်း ဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD