AD
AD
AD

ရီးရဲလ်မက်ဒရစ် နဲ့ ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက ဘောလုံးလောကကနေ အနားယူမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရီးရဲလ်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်မှာ ကစားခဲ့တာ ဆယ်စုနှစ်တစ်ခု ပြည့်မြောက်တော့မှာလည်း ဖြစ်ပါတယ်။

play

 

အသက် (၃၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ အသက်အရွယ်အရ အကျပိုင်းရောက်လာချိန်မှာတော့ အင်အားကိုချွေတာပြီး ပါးနပ်လိမ္မာစွာနဲ့ နည်းစနစ်ပိုင်းအရ ပြောင်းလဲ ကစားခဲ့ပြီး ထိပ်တန်းအဆင့်မှာ ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း အသင်းအတွက် လာလီဂါသွင်းဂိုး (၂၆) ဂိုး ရယူပေးခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း လက်ရှိအချိန်ထိ (၁၅) ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။

play

 

ကစားသမားဘ၀ရဲ့ နောက်ဆုံးအပိုင်းအခြား ကာလကို ရောက်ရှိနေပြိဖြစ်ပေမယ့်လည်း စီရော်နယ်ဒိုက ဘောလုံးကစားခြင်းမှ အနားယူဦးမှာ မဟုတ်သေးပဲ ဆက်လက်ကစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ " အခုလက်ရှိမှာ ကျွန်တော့်ရဲ့ အသက်က ဇီဝဗေဒနည်းအရဆိုရင် ၂၃ နှစ်အရွယ်ပဲ ရှိပါသေးတယ်၊ နောက်ထပ် အချိန်အများကြီး ထပ်ကစားနိုင်ပါသေးတယ်၊ ကျွန်တော့်အသက် ၄၁နှစ်အရွယ်ထိ ကစားနိုင်ဖို့ ရည်ရွယ်ထားပါတယ်" လို့ စီရော်နယ်ဒိုက ကြုံးဝါးပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

play

 

" ကျွန်တော့်ကိုယ်ကျွန်တော် ကျေနပ်မှုတွေရှိတယ်၊ ပျော်ရွှင်မိတယ်၊ ဘာမှ စောဒကတက်နေစရာမရှိသေးပါဘူး" လို့လည်း စီရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ စီရော်နယ်ဒိုအတွက် ယခုနှစ်ဘောလုံးရာသီ နောက်ဆုံးပွဲစဉ်အဖြစ် လာမယ့် တနင်္ဂနွေနေ့နံနက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို လီဗာပူးလ်အသင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အနေနဲ့ ဆုဖလားရရှိခဲ့မယ်ဆိုရင်တော့ (၃) နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဖလား ရရှိတဲ့ စံချိန်ကို တင်နိုင်မှာ ဖြစ်ပြီး စီရော်နယ်ဒိုအတွက်ကတော့ ကစားသမားဘ၀မှာ ချန်ပီယံလိဂ်ဆုဖလားကို (၅) ကြိမ်မြောက် ရရှိမှုအဖြစ်လည်း မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD