AD
AD
AD

ဘာစီလိုနာအသင်းမှာ စပိန်ဝါရင့် ကွင်းလယ်ကစားသမား အင်နီယေစတာအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ဂျေလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဗစ်ဆယ်လ်ကိုဘီအသင်းထံ ပြောင်းရွှေ့ ကစားဖို့ သေချာသွားခဲ့ပြီလို့ သိရပါတယ်။

play

 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်နီယေစတာဟာ ရီးရဲဆိုစီဒက်အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ နောက်ဆုံးပွဲစဉ်အပြီးမှာ အသင်း နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပြီး လမ်းခွဲချိန်မှာတော့ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားပေါင်း ၁၆ ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

play

 

မူလက တရုတ်လိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့သလို သြစတြေးလျလိဂ်မှာလည်း ကစားမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါပေမယ့်လည်း ဗစ်ဆယ်လ် ကိုဘီအသင်းဥက္ကဋ္ဌလည်းဖြစ်၊ဂျပန် အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီနဲ့ ဘာစီလိုနာအသင်းရဲ့ ဂျာစီစပွန်ဆာလည်း ဖြစ်တဲ့ ရာကူတန်ရဲက chief excutive လည်း ဖြစ်တဲ့ ဟီရိုရှီ မီကီတာနီက အင်နီယေစတာကို လက်ဦးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗီဆယ်လ်ကိုဘီအသင်းမှာ ၁၉၆၆ ခုနှစ်က တည်ထောင်ထားတဲ့အသင်းတစ်သင်းဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ဂျာစီ စပွန်ဆာ ကုမ္ပဏီ ရာကူတန် က ပိုင်ဆိုင်တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ဗစ်ဆယ်လ်ကိုဘီအသင်းမှာ ဥရောပမှ ထိပ်တန်း ဘောလုံးသမားတစ်ဦးဖြစ်တဲ့ လူးကပ်စ်ပိုဒေါစကီးကိုလည်း ခေါ်ယူခဲ့ဖူးတဲ့ ကလပ်အသင်း တစ် သင်းလည်းဖြစ်သလို ထိုင်းလက်ရွေးစင် ကစားသမား တီယာသွန်ဘန်မက်ဟန်လည်း အငှားနဲ့လာရောက်ကစားနေတဲ့အသင်းလည်းဖြစ်ပါတယ်။

အင်နီယေစတာအနေနဲ့ လက်ရှိမှာ ကမ္ဘာ့ဖလား ကစားမယ့် စပိန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရပြီး လာမယ့်နှစ်မှာတော့ ကစားသမား ဘ၀ကို ဂျေလိဂ်(၁)ကလပ် ဗစ်ဆယ်လ်ကိုဘီအသင်းနဲ့ ဆက်လက် ဖြတ်သန်းတော့မှာ ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD