AD
AD
AD

မိုနာကိုအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဖယ်လ်ကာအိုဟာ အခွန်ရှောင်တိမ်းခဲ့တဲ့အတွက် စပိန်တရားရုံးရဲ့ ဒဏ်ကြေး ယူရို (၉)သန်းနဲ့ ဆိုင်းငံ့ထောင်ဒဏ် (၁၆)လ ပြစ်ဒဏ်ကျခံစေဖို့ အမိန့်ချမှတ် ခံခဲ့ရတယ်လို့ သိရပါတယ်။ စပိန်နာမည်ကြီး သတင်းစာတစ်စောင် ဖြစ်တဲ့ Marca ရဲ့ ဖော်ပြချက်အရ ဖယ်လ်ကာအိုဟာ အခွန်ငွေ (၂) မျိုး ရှောင်တိမ်းခဲ့တာလို့ သိရပါတယ်။

play

 

ဖယ်လ်ကာအိုအနေနဲ့ ၀င်ငွေခွန် နဲ့ ပုံရိပ်အသုံးပြုခမှ ရရှိခဲ့တဲ့ ၀င်ငွေတွေကို ရှောင်လွှဲခဲ့တာဖြစ်ပြီးတော့ ဒီဖြစ်ရပ်ဟာ အက်သလက်တီကို အသင်းမှာ ကစားခဲ့စဉ်က ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဖယ်လ်ကာအိုဟာ ပေါ်တိုအသင်း မှ အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး အက်သလက်တီကိုအသင်းမှာ (၂) နှစ်ကြာ ကစားခဲ့ပြီးနောက် မိုနာကိုအသင်းကို ထပ်မံပြောင်းရွှေ့သွားခဲ့ပါတယ်။

play

 

အက်သလက်တီကိုမှာ ကစားခဲ့စဉ်အတွင်းမှာ ကိုလံဘီယာတိုက်စစ်မှူးအနေနဲ့ ပထမနှစ်မှာ ယူရို (၈) သိန်းကျော်၊ ဒုတိယနှစ်မှာ ယူရို (၄) သန်းခန့်အထိ လိမ်လည်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အသက် (၃၂)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဖယ်လ်ကာအိုကတော့ မိုနာကိုမှာ (၃) နှစ်ကြာ ကစားပြီးနောက် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ မန်ယူ နဲ့ ချယ်လ်ဆီးအသင်းမှာလည်း အငှားလာရောက် ကစားခဲ့ဖူးပါတယ်။

play

 

ပရီးမီးယားလိဂ်မှာ မအောင်မြင်ခဲ့ပြီးနောက် ဖယ်လ်ကာအိုဟာ မိုနာကိုအသင်းမှာပဲ ပြန်လည်ကစားခဲ့ပြီး အသင်းအတွက် နောက်ဆုံး (၂) ရာသီမှာ လီဂူးပွဲစဉ် (၅၄) ပွဲအထိ ကစားပေးခဲ့ပြီး (၃၉) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာလက်ရွေးစင် အသင်းရဲ့ အပြီးသတ်လူစာရင်းမှာလည်း ရွေးချယ်ခံခဲ့ရပါသေးတယ်။

play

 

ဖယ်လ်ကာအိုဟာ အခြားနာမည်ကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်ဒို၊ နာမည်ကြီးနည်းပြ မော်ရင်ဟိုတို့လိုပဲ အခွန်ငွေ ရှောင်တိမ်းမှုနဲ့ ပတ်သက်ပြီး ဒဏ်ငွေနဲ့ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ လူပုဂ္ဂိုလ်ဖြစ်လာခဲ့ပြီး ဒီလိုမျိုး ဖြစ်ရပ်ကို နောက်ဆုံး ကြုံတွေ့ခဲ့သူကတော့ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဇာဘီအလွန်ဆို ဖြစ်ပါတယ်။

Source : bleacherreport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD