AD
AD
AD

ဘရာဇီးအသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာအနေနဲ့ ခြေဖ၀ါး ဒဏ်ရာကနေ ပြန်လည်သက်သာလာနေပြီး ယခုအခါ လေ့ကျင့်ခန်းများ ပုံမှန် ပြု လုပ်နေနိုင်ပြီ ဖြစ်ပါတယ်။

play

 

ဘရာဇီး လက်ရွေးစင်အသင်းအနေနဲ့လည်း -" တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာပါတယ်။နေ့တိုင်းလည်း လေ့ကျင့်ခန်းဆင်းနေပါတယ်။ကျွန် တော်တို့ ထင်ထားတာထက်ပိုပြီး မြန်မြန်မကောင်းလာနေပါတယ်။" လို့ ဘရာဇီးအသင်းက ထုတ်ပြန်ကြေညာထားပါတယ်။

play

 

ဘရာဇီးအသင်းရဲ့ ဆရာဝန်ရိုဒရီုဂို လက်စ်မာအနေနဲ့ နေမာရဲ့ ခြေဖ၀ါးဒဏ်ရာကို ပြီးခဲ့တဲ့ မတ်လက၂ ခွဲစိတ်ပေးခဲ့ရတာ ဖြစ်ပြီး -" လာမယ့် နောက်တစ်ဆင့်ကတော့ နေမာအတွက် ကစားဖော်တွေနဲ့ အတူ အပြည့်အ၀ လေ့ကျင့်ခန်း ဆင်းဖို့ပဲ ကျန်ပတော့တယ်။အားလုံးတော့ ကောင်း လာပြီလို့ မြင်နေရပါတယ်။"လို့ ဘရာဇီး ဆရာဝန်ကပြောပါတယ်။

play

 

အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ နေမာဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မာဆေးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်လိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှခဲ့တာ ဖြစ်ပြီး ဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ လက်ကျန်ပွဲစဉ်အကုန်လုံးကို လွဲချော်ခဲ့ရတာလည်း ဖြစ်ပါတယ်။

နေမာရဲ့ ဒဏ်ရာ အရှင်းသက်သာလာခြင်းမရှိပေမယ့်လည်း ဘရာဇီးအသင်းကတော့ အချိန်မီသက်သာလာမယ့်လို့ မျှော်လင့်ချက်နဲ့အတူ ကမ္ဘာ့ ဖလား ကစားမယ့် ဘရာဇီးအသင်းလူစာရင်းမှာ ထည့်သွင်းထားတာ ဖြစ်ပြီး အပြီးသတ် ၂၃ ရက်စာရင်းထဲအထိ ပါဝင်လာသူလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့ အထိ တစ်လကြာ ကျင်းပသွားမှာ ဖြစ်ပါ တယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD