AD
AD
AD

လီဗာပူးလ်အသင်းကတော့ လာမယ့် စနေနေ့ (တနင်္ဂနွေနေ့မနက်) မှာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားရတော့မှာ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက်တော့ (၆) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရရှိဖို့အတွက် အခွင့်အရေးဖြစ်ပြီးတော့ ယာဂင်ကလော့ပ် အတွက်လည်း လီဗာပူးလ်နဲ့အတူ အဓိကဆုဖလားတစ်လုံး ရရှိဖို့အတွက် အခွင့်အခါကောင်း ဖြစ်လာခဲ့ပါတယ်။

play

 

လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ အမ်မရီချန် နဲ့ ဂျိမ်းစ်မီလ်နာတို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အဆင်သင့် ဖြစ်နေပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်အ၀ ဆင်းနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းကို နည်းပြကြီး ယာဂင်ကလော့ပ်က အတည်ပြုပြောကြားခဲ့တာ ဖြစ်ပြီး ရီးရဲလ်နဲ့ ရင်ဆိုင်ရမယ့်ပွဲအတွက် အင်အားတောင့်တင်းလာခဲ့ပြီ ဖြစ်ပါတယ်။

play

 

အမ်မရီချန်ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အနားယူနေရသူဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာတော့ ချန် ဟာ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီး မဲဝုဒ်လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ထို့အတူ အသင်းရဲ့ အဓိကကစားသမား နောက်တစ်ဦးဖြစ်တဲ့ ဂျိမ်းစ်မီလ်နာဟာလည်း အသေးစားဒဏ်ရာ ရရှိမှုမှ ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။

play

 

" မီလ်နာကတော့ ဒဏ်ရာအနာတရကင်းစင်သွားပါပြီ၊ ချန်ကတော့ အံ့အားသင့်စရာကောင်းလောက်အောင်ပါပဲ၊ သူ ပြန်သက်သာလာပြီလို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်၊ သူ့ဒဏ်ရာကနေ ပြန်သက်သာလာဖို့ဆိုတာ ခက်ခဲပါတယ်၊ ဒါပေမယ့် သူဟာ အသင်းအတွက် ပြန်လာနိုင်ခဲ့ပါပြီ၊ အရမ်းကို ကောင်းမွန်ပါတယ်၊ အခုဆို သူ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်နိုင်ပါပီ၊ သူကအသင်းအတွက် ရွေးချယ်စရာ အကောင်းဆုံး နောက်တစ်ခုပါ၊ သူက ကျွန်တော်တို့အတွက် အရေးပါပါတယ်" လို့ ကလော့ပ်က လီဗာပူးလ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောကြားခဲ့ပါတယ်။

play

 

လီဗာပူးလ်းအသင်းကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားရမယ့် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပြီးတော့ ဗိုလ်လုပွဲအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။ လာမယ့် မေလ (၂၇) ရက်နေ့၊ တနင်္ဂနွေနေ့ နံနက် မြန်မာစံတော်ချိန် (၁။၁၅) နာရီမှာမှာ လီဗာပူးလ်အသင်း နဲ့ ရီးရဲလ်အသင်းတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးကို ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။

Source : SkySports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD