AD
AD
AD

ရီးရဲ မက်ဒရစ်အသင်းရဲ့ စပိန်လက်ရွေးစင် တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အဆန်ဆီရိုကို ပရီးမီးယားလိဂ်မှ ကလပ်အသင်းကြီးအချို့ ခေါ်ယူဖို့ မျက်စိ ကျနေတယ်လို့ သိရပါတယ်။

play

 

ယခုအချိန်အတွင်းမှာလည်း ၎င်းကို ကမ်းလှမ်းလာခဲ့တဲ့အသင်းတွေရှိနေပြီး ယူရို သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့တဲ့ ၂ ကြိမ် လက်ခံရခဲ့ပေမယ့်လည်း ပယ်ချခဲ့တယ်လို့ ကစားသမားရဲ့ အေးဂျင့်ပြောကြားချက်အရ သိရပါတယ်။

play

 

အဆန်ဆီရိုမှာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပြီး ယခုနှစ် လာလီဂါ ပြိုင်ပွဲမှာ ၁၉ ပွဲသာ ပါဝင်ကစားခွင့်ရထားပြီး ၆ ဂိုးသွင်းယူထားနိုင်တဲ့ တိုက်စစ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

အဆိုပါ ကစားသမားမှာ မနှစ်ကမှ ရီးရဲအသင်းနဲ့ သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၂၀၂၃ ခုနှစ်အထိ အသင်းနဲ့ စာချုပ်သက်တမ်း ရှိနေ သူလည်း ဖြစ်ကာ စာချုပ်ဖျက်သိမ်းပါက လျော်ကြေး ယူရို သန်း ၇၀၀ အထိ ပေးချေရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

အဆန်ဆီရိုရဲ့ အေးဂျင့်က -" ကစားသမားအတွက်တော့ စိတ်ဝင်စားမှု အရိပ်အယောင်တွေပါပဲ။ကျွန်တော်တို့ သူ့အတွက် ကမ်းလှမ်းမှု  ၂ကြိမ် ရထားခဲ့ဖူးပါတယ်။ဒါပေမယ့် ကလပ်အသင်းကတော့ အဆိုပါ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။" လို့ ပြောပါတယ်။

အဆန်ဆီရိုမှာ ရီးရဲအသင်းထံ ၂၀၁၄ ခုနှစ်က ရောက်လာခဲ့ပြီး စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၁၀ ပွဲပါဝင်ကစားထားနိုင်သူ ဖြစ်ပါ တယ်။

ယခု ရီးရဲမက်ဒရစ် ပယ်ချခဲ့တဲ့ယူရို သန်း ၁၅၀ တန် ကမ်းလှမ်းမှုတွေကတော့ အင်္ဂလန်ပရီးမီးယားလိဂ်မှ ကလပ်အသင်းတွေရဲ့ ကမ်းလှမ်းမှု ဖြစ် တယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD