AD
AD
AD

ဥရောပ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပလျက်ရှိတဲ့ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ၂၀၂၀ ခုနှစ် ဗိုလ်လုပွဲစဉ်ကိုမူ တူရကီ နိုင်ငံ အင်စတန်ဘူလ်မြို့မှာ ကျင်းပပြုလုပ်သွားမယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုလိုက်ပါတယ်။

play

 

အဆိုပါ ဗိုလ်လုပွဲကတော့ ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ၁၅ နှစ်အကြာမှာ ပြန်လည်ကျင်းပပြုလုပ်သွားမယ့် ဗိုလ်လုပွဲလည်း ဖြစ်လာ မှာ ဖြစ်ပါတယ်။

play

၂၀၀၅ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်စတန်ဘူလှ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး လီဗာပူးနဲ့ အေစီမီလန်အသင်းတို့ ယှဉ်ပြိုင်က စားခဲ့ရာ လီဗာပူးအသင်းက အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အင်စတန်ဘူလ်ရှိ အဆိုပါ ကွင်းကြီးမှာ ပရိသတ် ၇၆၀၀၀ ၀င်ဆံ့ပြီး တူရကီနိုင်ငံရဲ့ အကြီးဆုံးကွင်းကြီး တစ်ကွင်းလည်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ၂၀၂၀ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုတော့ ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။

ဥရောပ စူပါဖလား ပြိုင်ပွဲကိုတော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး အမျိုးသမီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုမူ သြစကြီးယားနိုင်ငံမှာ ပြုလုပ်သွားမယ်လို့သိရပြီး အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ၀န်ဒါ ကွင်းသစ်ကြီးမှာတော့ ၂၀၁၉ ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေရဲု့အမှုဆောင် အရာရှိ အစည်းအဝေးကို ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် အစီအစဉ်တွေကို တစ်ပါ တည်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ လာမယ့် တနင်္ဂနွေနေ့ နံနက် မြန်မာစံတော်ချိန် ၁ နာရီ ၁၅ မိနစ်မှာ ယူကရိန်းနိုင်ငံမှာ လီဗာပူး အသင်း နဲ့ ရီးရဲအသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source- UEFA.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD