AD
AD
AD

လီဗာပူးအသင်းမှ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာအနေနဲ့ ဘာစီလိုနာအသင်းမှ အာဂျင်တီးနားအသင်း တိုက်စစ်မှူး မက်ဆီနဲ့ တူညီတဲ့ က စားဟန်ရှိတယ်လို့ ရော်နယ်ဒိုက ဆိုလိုက်ပါတယ်။

play

 

ရီးရဲနဲ့ ဘရာဇီး ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရော်နယ်ဒိုက -" ဆာလာဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင်ကို မက်ဆီနဲ့ ကစားပုံ ဆင်တူတယ်လို့ ထင်ပါတယ်။" လို့ ပြောခဲ့ပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ်ဆာလာဟာ ယခုနှစ်ရာသီအသင်းအတွက် ၄၄ ဂိုးသွင်းယူထားပြီး ယခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း ရီးရဲအသင်းနဲ့ ကစားဖို့ ရှိနေပါတယ်။

"ကျွန်တော်သူ့ကို ချစ်ပါတယ်။သူက မယုံနိုင်စရာကောင်းလောက်အောင်ကို ခြေစွမ်းမြင့်မားပါတယ်။ဒါ့အပြင်သူက မက်ဆီနဲ့တူပါတယ်။သူပြောခဲ့ တဲ့အကြောုင်းအရာတွေကိုကျွန်တော်ဖတ်ခဲ့ပြီးပါပြီ။အတော်လေးလည်း စိတ်လှုပ်ရှားရပါတယ်။" လို့ရော်နယ်ဒိုက ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုက ရီးရဲမက်ဒရစ်အသင်းသာလျှင် လီဗာပူးအသင်းကို တိုက်စစ်မြှင့်တင်ကစားသွားခဲ့ပြီး ၃-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ ချန်ပီ ယံလိဂ် ၃ ကြိမ်ဆက်ကို ရယူနိုင်သွားလိမ့်မယ်လို့လည်း ခန့်မှန်းခဲ့ပါသေးတယ်။

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD