AD
AD
AD

ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီမှ အင်တာမီလန်တိုက်စစ်မှူး အီကာဒီကို ခေါ်ယူဖို့အတွက် အသင်းမှာမပျော်မရွှင်ဖြစ်နေတဲ့ တိုက်စစ်မှူး မိုရာတာကို အသုံးချပြီး ကြိုးစားသွားမယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။ အီတလီစီးရီးအေမှာ အသင်းအတွက် (၂၉) ဂိုးအထိ ရယူပေးနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အီကာဒီက စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

play

 

မိုရာတာကတော့ ရီးရဲလ်မက်ဒရစ်မှ ပြောင်းရွှေ့လာသူဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့ပဲ ဇန်န၀ါရီလမှာ အသင်းကို ရောက်ရှိလာတဲ့ ဂီရော့ဒ်ရဲ့နောက် ဒုတိယတိုက်စစ်မှူးအဖြစ်သာ ကစားနေခဲ့ရသူ ဖြစ်ပါတယ်။ စပိန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်မခံခဲ့ရတော့တဲ့နောက် မိုရာတာဟာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

play

 

စပိန်ရေဒီယိုအစီအစဉ်တစ်ခုဖြစ်တဲ့ Cadena Ser ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ အီကာဒီကို အရခေါ်ယူဖို့အတွက် မိုရာတာအပြင် ယူရိုသန်း (၄၀) ထပ်ဆောင်းပေးချေသွားမယ်လို့ သိရပါတယ်။ ဒါဟာ မိုရာတာရဲ့ တန်ကြေး ယူရိုသန်း (၇၀)ခန့်ကို ထပ်ပေါင်း လိုက်မယ်ဆိုရင်တော့ အင်တာမီလန်တိုက်စစ်မှူးအတွက် ချယ်လ်ဆီးဟာ ယူရိုသန်း ၁၁၀ အထိ အသုံးပြုသွားမယ်ဆိုတဲ့ သဘော ဖြစ်လာခဲ့ပါတယ်။

play

 

လာမယ့်နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရပြီးနောက် ချယ်လ်ဆီးဟာ အသင်းကို လာမယ့်ရာသီမှာ အကြီးစား ပြုပြင်မှုတွေ ပြုလုပ်မယ်လို့ ခန့်မှန်းရပြီး အသင်းအတွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို အရခေါ်ယူဖို့ အဓိကဦးတည်ထားတာတယ်လို့လည်း သိရပါတယ်။ အသက် (၂၅)နှစ်အရွယ် မိုရာတာကို အသင်းဟောင်းဂျူဗင်တပ်စ်က ပြန်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မိုရာတာဟာ မီလန်မြို့မှာ ဂျူဗီအားကစားဒါရိုက်တာနဲ့ တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။

play

 

အီကာဒီကတော့ အင်တာမီလန်ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားသလို အသင်းရဲ့ အဓိကတိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အင်တာရဲ့ ချန်ပီယံလိဂ်ကို ပြန်လည်ဝင်ရောက် ကစားခွင့် ရရှိထားတဲ့ အနေအထားကြောင့် ချယ်လ်ဆီးအနေနဲ့ အီကာဒီကို ခေါ်ယူဖို့အတွက် ခက်ခက်ခဲခဲတော့ ကြိုးစားရဖွယ် ရှိပါတယ်။

ှSource : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD