AD
AD
AD

ဂျူဗင်တပ်အသင်းရဲ့ အမှုဆောင်ချုပ် မာရော့တာက အသင်းမှ တိုက်စစ်မှူး မန်ဇူကစ်ကို ချိတ်ဆက်နေတဲ့ မန်ယူအသင်းကြောင့် ၎င်းရဲ့ အနာ ဂတ်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

အသက် ၃၂ နှစ်အရွယ် မန်ဇူကစ်မှာ ၂၀၁၅ ခုနှစ်က ဂျူဗင်တပ်အသင်းကို ရောက်ရှိချိန်မှစလို့ ယနေ့အချိန်အထိ အသင်းအတွက် ပွဲပေါင်း ၁၂၇ ပွဲ ပါဝင်ကစားပေးထားပြီး ၃၄ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

play

 

လက်ရှိမှာတော့ နည်းပြ မော်ရင်ဟိုရဲ့ မန်ယူအသင်းအနေနဲ့ ၎င်းကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေသလို နှုတ်အားဖြင့် ကမ်းလှမ်းမှုများ ပြုလုပ်လာခဲ့ ပြီလို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း ဂျူဗင်တပ်အသင်းရဲ့ အမှုဆောင်ချုပ်က မိမိရဲ့ ကစားသမားအနေနဲ့ လာမယ့်နှစ်ဘောလုံးရာသီမှာလည်း တူရင်မှာ ဆက်ရှိနေ မယ်လို့ ပြောခဲ့ပါတယ်။

"လုပ်ဆောင်ချက်တွေအရ ကျွန်တော်တို့အသင်းမှာ ကစားသမားတစ်ဦးက ထွက်ခွာခွင့်တောင်းလာခဲ့ရင် သူ့အတွက် ကျေနပ်အောင် ဆောင်ရွက် ပေးဖို့ ရှိပါတယ်။အခုချိန်မှာ သူ့နေရာမှာ ကစားမယ့်သူ တစ်ဦးမှ မရှိပါဘူး။ဒါကြောင့် မာရီယိုကို လာမယ့်နှစ် ထပ်ကစားဖို့ ကျွန်တ်ာပြောခဲ့တာ ဖြစ်ပါတယ်။"လို့ မာရော့တာက ပြောခဲ့ပါတယ်။

မန်ယူအသင်းအနေနဲ့ ဂျူဗင်တပ်အသင်းမှ မန်ဇူကစ်အရင် ကွင်းလယ်လူ အဲလက်ဆန်ဒရိုကို ချိတ်ဆက်မှုများလည်း ရှိနေခဲ့ပြီး ဂျူဗင်တပ်အသင်းက တော့ စာချုပ်သက်တမ်း ထပ်မံ တိုးနိုင်ရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD