AD
AD
AD

စနေနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play

 

- မန်စီးတီးအသင်းဟာ ရီးရဲလ်ကွင်းလယ်လူ အစ္စကိုကို ခေါ်ယူဖို့အတွက် ပေါင်သန်း၇၀ အထိ အသုံးပြုကမ်းလှမ်းသွားမယ်လို့သိရပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက် အသက် (၂၆) နှစ်အရွယ် စပိန်တိုက်စစ်ကွင်းလယ်ကစားသမားကို ဂွာဒီယိုလာက ခေါ်ယူချင်နေတာ ဖြစ်ပြီး ချန်ပီယံလိဂ်မှ အောင်မြင်မှုရရှိဖို့အတွက် ထိပ်တန်းကစားသမားတွေကို ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

play

 

- ဂျူဗင်တပ်စ်နောက်ခံလူ အဲလက်စ်ဆန်ဒရိုကို လာမယ့်အပတ်အတွင်းမှာ စာချုပ်ချုပ်ဆိုနိုင်ဖို့ မန်ချက်စတာယူနိုက်တက်အသင်းက ပစ်မှတ်ထားနေတယ်လို့ Mirror ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် (၂၇) နှစ်ရှိတဲ့ပြီတဲ့ ဘရာဇီးလ်နောက်ခံလူကို မော်ရင်ဟိုက အလေးအနက်ထား ချိတ်ဆက်နေတာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ရောက်ရှိဖို့ နီးစပ်နေပြီလို့လည်း သိရပါတယ်။

play

 

- ဘာစီလိုနာ တောင်ပံကစားသမား အူစမန်ဒမ်ဘီလီကို သူ့ရဲ့ အာဆင်နယ်နည်းပြဘ၀ ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် ရရှိနိုင်ဖို့ အူနိုင်းအမ်မရီက ကြိုးစားနေပါတယ်။ ဒီသတင်းကို Don Balon က ဖော်ပြခဲ့တာဖြစ်ပြီး ပြင်သစ်ကစားသမားကို ရရှိဖို့အတွက် ဘာစီလိုနာနဲ့ ဆွေးနွေးပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ ကနဦးခေါ်ယူမှုအဖြစ် အာဆင်နယ်က အငှားခေါ်ယူနိုင်ဖို့ ကြိုးစားမှာလို့လည်း သိရပါတယ်။

play

 

- ဂျူဗင်တပ်စ်အသင်းဟာ အသင်းမှ တောင်ပံကစားသမား ဒေါက်ဂလပ်ကော်စတာကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ ဆန္ဒ ရှိနေတယ်လို့ Calciomercato က ဖော်ပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားနေတဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား အသင်းမှ အလွယ်တကူ ထွက်ခွာခွင့်ပြုမှာမဟုတ်ဘူးလို့လည်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

play

 

- ESPN ရဲ့ ဖော်ပြချက်အရ မန်ယူဟာ စပါးနောက်ခံလူ အယ်ဒါဝီရယ်ကို ရရှိဖို့အတွက် အသင်းတိုက်စစ်မှူး မာရှယ်ကို အသုံးပြုသွားမှာ မဟုတ်ဘူးလို့ စပါးအသင်ကို သတိပေးလိုက်ပါတယ်။ စပါးအသင်းက အပြန်အလှန်အားဖြင့် မာရှယ်ကို ခေါ်ယူဖို့ မန်ယူအသင်းကို ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဒီအခြေအနေကို မန်ယူအသင်းတာဝန်ရှိသူတွေက ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD