AD
AD
AD

ယူကရိန်းနိုင်ငံမှာ ကျင်းပပြုလုပ်တော့မယ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို လိုက်ပါ အားပေးဖို့ လီဗာပူး ပရိသတ်များ စင်းလုံးငှားလေယာဉ်များ စီ စဉ်ခဲ့ကြပေမယ့် ယခုအခါမှာတော့ လေယာဉ်ကုမ္ပဏီအချို့က ငွေများပြန်အမ်းကာ မပျံသန်းနိုင်တော့ကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။

play

 

မိုင်းရက်ဒ် ခရီးသွားလုပ်ငန်းက -" လေယာဉ်ခရီးစဉ်တွေ ပျက်ပြယ်သွားပါပြီ၊အကြောင်းရင်းကတော့ ကိဗ်ကို ပျံသန်းဖို့ တရားဝင် ခွင့်ပြုချက်မရှိ လို့ပါ။" ဆိုပြီး သတင်းထုတ်ပြန်လာပါတယ်။

play

 

လေယာဉ် ကုမ္ပဏီ ၃ ခုမှာ လီဗာပူးမြို့မှာ အခြေပြု ဖွင့်လှစ်ထားတာဖြစ်ပြီး ကိဗ်ကိုသွားမယ့် လီဗာပူး ပရိသတ်တွေရဲ့ လေယာဉ်လက်မှတ်တွေ ကို ပြန်လည်အမ်းနေပြီလည်း ဖြစ်ပါတယ်။

လေကြောင်းလိုင်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Air Partner ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက -" ပြောမပြတတ်အောင် နောင်တရမိပါတယ်။" လို့ လေယာဉ် မပျံသန်းနိုင်တာနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။

လီဗာပူး ပရိသတ်တွေကတော့ လေယာဉ်ခရီးစဉ် ပျက်ပြယ်ခဲ့လို့ ပေါက်ကွဲ ဒေါသတွေထွက်နေကြပြီး တစ်ဦးလျှင် ယူကရိန်း ခရီးစဉ်အတွက် ပေါင် ၂၀၀၀ အထိ ပေးထားရတယ်လို့လည်းသိရပါတယ်။

ယခုလို လေယာဉ်ခရီးစဉ်ပျက်ပြယ်ခဲ့တာကြောင့် ပွဲကြည့်ခွင့်လက်မှတ်တွေကိုလည်း လီဗာပူးအသင်းက ခရီးစဉ်ပျက်ပြယ်ခဲ့တဲ့ ပရိသတ်တွေ ၁၀၀၀ ခန့် ၀ယ် ယူထားတဲ့ ကြိုတင်လက်မှတ်တွေကို ပြန်လည် အမ်းပေးသွးမယ်ဆိုတဲ့အကြောင်းကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကိုတော့ ယနေ့ညမြန်မာစံတော်ချိန် (တနင်္ဂနွေနေ့ နံနက် ၁ နာရီ ၁၅ ) အချိန်မှာ လီဗာပူးအသင်းနဲ့ ရီးရဲမက်ဒရစ် အ သင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Source- BBC Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD