AD
AD
AD

ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် လီဗာပူးလ်နဲ့ ကစားရမယ့် ပွဲမှာတော့ စီရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ဖလား (၃) ကြိမ်ဆက် ရရှိရေး ရည်မှန်းချက်ကို ကူညီအားဖြည့်ပေးရမှာဖြစ်ပါတယ်။ ဒ့ါအပြင် ဒီဗိုလ်လုပွဲဟာ စီရော်နယ်ဒိုအတွက်လည်း စံချိန်မှတ်တမ်းတစ်ခုကို အရယူနိုင်မယ့် အခွင့်အရေးအဖြစ် ရှိနေခဲ့ပါတယ်။

play

 

စီရော်နယ်ဒိုအနေနဲ့ ချန်ပီယံလိဂ်ဖလားကို (၅) ကြိမ်မြောက် ရရှိဖို့အတွက် အခွင့်အရေး ရှိနေခဲ့ပြီးတော့ သူဟာ မန်ချက်စတာယူနိုက်တက်နဲ့ တစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ် နဲ့ လေးကြိမ် ရရှိထားတာ ဖြစ်ပါတယ်။ တစ်ဦးချင်းဆိုင်ရာ မှတ်တမ်းအရဆိုရင်တော့ စီရော်နယ်ဒိုအနေနဲ့ ဆုဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် နဲ့ လီဗာပူးလ်အသင်းတို့ရဲ့ သမိုင်းတစ်လျှောက် ရရှိထားတဲ့ ချန်ပီယံလိဂ်ဆုဖလား အရေ အတွက်နဲ့ တူညီသွားတော့မှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဆုဖလားအများဆုံး ဆွတ်ခူးထားတဲ့ အသင်းတွေအဖြစ်တော့ ရီးရဲလ်က (၁၂) ကြိမ်နဲ့ အပြတ်အသတ်ဦးဆောင်နေပြီး သူ့အနောက်မှာတော့ အေစီမီလန်က (၇) ကြိမ်နဲ့ ရပ်တည်နေပါတယ်။

play

 

ဒါပေမယ့်လည်း စီရော်နယ်ဒိုအနေနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ပါကိုဂျင်တိုရဲ့ ချန်ပီယံလိဂ်ဖလား (၆) ကြိမ်ရရှိခဲ့တဲ့ မှတ်တမ်း ကိုတော့ လိုက်မီနိုင်သေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အခြားသော ဂန္ထ၀င်ကစားသမားတစ်ဦးဖြစ်တဲ့ ဒီစတီဖာနိုကလည်း ချန်ပီယံလိဂ်ဖလားကို (၆) ကြိမ် ရရှိထားတာဖြစ်လို့ စီရော်နယ်ဒိုအနေနဲ့ သူတို့ရဲ့နောက်မှာပဲ ရပ်တည်နိုင်ဦးမှာ ဖြစ်ပါတယ်။

play

 

မာကွီတိုစ်၊ ဟိုဆေးမာရီယာဇာရာဂါ၊ ဟက်တာရီရယ်၊ ဂျူနီတိုအလွန်ဆို၊ ရာဖေးလ်လက်စ်မက်စ်၊ မာဒီနီ၊ ကော်စတာကာတာတို့ကတော့ ချန်ပီယံလိဂ်ဖလားကို (၅) ကြိမ်စီ ရရှိထားတာမို့ စီရော်နယ်ဒိုက ဒီကစားသမားကြီးတွေနဲ့ စံချိန်ကို လိုက်မီတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် အခြားသော စိန်ခေါ်မှုအဖြစ် စီရော်နယ်ဒိုကို စောင့်ကြိုနေတာကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ တစ်ရာသီအတွင်းမှာ ဂိုးသွင်းအများဆုံး စံချိန်ကို ရိုက်ချိုးနိုင်မလားဆိုတဲ့ စံချိန်ဖြစ်ပါတယ်။ လက်ရှိမှာ စီရော်နယ်ဒိုက ချန်ပီယံလိဂ်သွင်းဂိုး (၁၅) ဂိုး ရရှိထားတာဖြစ်ပြီးတော့ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ သူကိုယ်တိုင် စံချိန်တင်ထားတဲ့ (၁၇) ဂိုးစံချိန်ကို လိုက်မီဖို့၊ ရိုက်ချိုးဖို့ ကြိုးစားရမှာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စီရော်နယ်ဒိုအနေနဲ့ ဒီနှစ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်ဖို့ သေချာသလောက်ဖြစ်နေပြီး သူ့အတွက်တော့(၇)ကြိမ်မြောက် ရပ်တည်မှု ဖြစ်လာဖို့ ရှိနေပါတယ်။

play

 

နောက်ထပ် စံချိန်တစ်ခုကိုလည်း စီရော်နယ်ဒိုက ပိုင်ဆိုင်ဦးမှာ ဖြစ်ပါတယ်။ အဲဒါကတော့ အေစီမီလန်အသင်းရဲ့ ဂန္ထ၀င်နောက်ခံလူ ပေါ်လိုမာဒီနီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၆) ကြိမ်ကစားခဲ့တဲ့ အရေအတွက်ကိုလည်း သူက လိုက်မီတော့မှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့ ဗိုလ်လုပွဲ (၅) ကြိမ်မှာ တစ်ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးပြီး၂၀၀၉ ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ဘာစီလိုနာကို ရှုံးနိမ့် ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ အနိုင်ရခဲ့မယ်ဆိုရင်တော့ သူ့အတွက် (၅) ပွဲအထိ အနိုင်ရတဲ့ စံချိန်တစ်ခုကို ရရှိမှာ ဖြစ်သလို အပေါ်မှာ ဖော်ပြတဲ့အတိုင်း တစ်ဦးချင်းမှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

play

 

၂၀၁၇-၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲကတော့ စီရော်နယ်ဒိုအတွက် တစ်ဦးချင်းမှတ်တမ်းတွေကို စောင့်ကြိုနေတဲ့အပြင် နှစ်ဖက်အသင်း အတွက်လည်း သမိုင်းတွင်မယ့် မှတ်တမ်းတွေကို စောင့်မျှော်နေပြီ ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့က အိုလံပစ်အားကစားကွင်းကြီးထဲမှာ ကစားမယ့် ဗိုလ်လုပွဲအပြီးမှာတော့ ဘယ်လိုစံချိန်မှတ်တမ်းကောင်းတွေ ထွက်ပေါ်လာမလဲဆိုတာကို အားလုံးပဲ စောင့်ကြည့်ကြပါစို့လား..။

Source : AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD