AD
AD
AD

ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် ဒဏ်ရာအနာတရကင်းစင်ပြီး ကြံ့ခိုင်မှုပြည့်ဝတဲ့ အသင်းလူစာရင်းနဲ့ ယူကရိန်းနိုင်ငံကို အရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ အသင်းအတွက်တော့ သတင်းကောင်းဖြစ်ပေမယ့် နည်းပြဖြစ်သူ ဇီဒန်းအတွက် လူရွေးချယ်မှု အပိုင်းမှာ အခက်တွေ့ဖို့ ရှိလာခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဇီဒန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဇီဒန်းကတော့ သူ့ရဲ့အမြင်နဲ့ သုံးသပ်ချက်တွေကို အခုလို ပြောကြားသွားခဲ့ပါတယ်။

 

ကစားသမားရွေးချယ်မှုနဲ့ပတ်သက်ပြီး

play

 

"အသင်းလူစာရင်းမှာတော့ ကစားသမားကောင်းတွေချည်းပါပဲ၊ ဒါပေမယ့် ကျွန်တော်တို့မှာ အသင်းတစ်ခုရဲ့ သဘောတရား၊ခံယူချက် နဲ့ အယူအဆတွေ ရှိပါတယ်၊ ကစားသမားတွေဟာ ဒီပွဲနဲ့ လွဲချော်ကောင်းလွဲချော်နိုင်ပါတယ်၊ ဒါပေမယ့် ပွဲစပြီဆိုတာနဲ့ သူတို့ဟာ အသင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းဆိုတာကို နားလည်ထားကြပါတယ်"

 

" အရံခုံမှာ ထိုင်နေရတဲ့ ကစားသမားတွေဟာလည်း အသင်းရဲ့ ကစားသမားတွေပါပဲ၊ သူတို့အနေနဲ့ အသင်းအတွက် လိုအပ်ချိန်မှာ အကူအညီပေးနိုင်ရပါမယ်၊ ဒါကအရမ်းအရေးကြိးပါတယ်၊ ကျွန်တော် အမြဲတမ်းပြောလေ့ရှိပါတယ်၊ ကစားသမားတစ်ယောက်ကို ချန်လှပ်ရတိုင်း စိတ်မကောင်းဘူးဆိုတာပေါ့"

 

ချန်ပီယံလိဂ်မှာ အောင်မြင်နေခဲ့တဲ့ လျှိ့ဝှက်ချက်က ဘာလဲဆိုတဲ့ အပေါ်မှာ

play

 

" အလုပ်ကို ကြိုးကြိုးစားစားပြုလုပ်ပြီးတော့ အရည်အသွေးတွေအကုန် အသုံးပြုဖို့ လိုပါတယ်၊ ဗိုလ်လုပွဲတက်နိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ ကျွန်တော်က ယှဉ်ပြိုင်ရမှုအပေါ်မှာ နှစ်ခြိုက်ပါတယ်၊ ဒါဟာ အလုပ်ကို အစွမ်းကုန်ကြိုးစားမှုရဲ့ နောက်ကွယ်က ရလာဒ်ပါပဲ၊ ခင်ဗျားအနေနဲ့ အလုပ်ကို ကြိုးစားပြီး ပြီးပြည့်စုံအောင် ဖန်တီးနိုင်မယ်ဆိုရင် အောင်မြင်မှုက ရရှိလာမှာပါ"

 

ဆုဖလားရဖို့ ရေပန်းစားမှုနဲ့ ပတ်သက်ပြီး

 

" ကျွန်တော်တို့အသင်းက ရေပန်းမစားပါဘူး၊ ၅၀-၅၀ စီ အခွင့်အရေး ရှိနေတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ပွဲကောင်းတွေကို ကစားပြီးတော့ အနိုင်ယူနိုင်ခဲ့ပါတယ်၊ ဘာအတွက်မှ ရေပန်းစားတာမျိုး မရှီပါဘူး၊ ဘောလုံးမှာက တအားရိုးရှင်းပါတယ်၊ အသင်းနှစ်သင်း ကစားတဲ့ အခါမှာ ပြိုင်ဘက်က ခင်ဗျားကို နာကျင်စေနိုင်တယ်ဆိုတာကို နားလည်ထားရပါမယ်၊ ဒါကို ကောင်းကောင်း ထိန်းချုပ်နိုင်ဖို့လည်း လိုအပ်ပါတယ်၊ ဘောလုံးရရှိချိန်မှာ၊ ကစားနေချိန်မှာ ပြိုင်ဘက်ကိုအလဲထိုးနိုင်ဖို့ပဲ ကြိုးစားရမှာပါ၊ ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ"

 

ပြိုင်ဘက်နည်းပြ ကလော့ပ်အပေါ် သုံးသပ်မှု

play

 

ကျွန်တော်က ကစားသမားဘ၀မှာ သူ့ထက်နည်းနည်းလေးပဲ သာတာပါ၊ ဒါပေမယ့် နည်းပြဘ၀မှာတော့ သူ့ကို အရမ်းလေးစားမိပါတယ်၊ သူက အတွေ့အကြုံအများကြီး ရှိသူဖြစ်ပါတယ်၊ ပြီးတော့ ဘောလုံးကို အံ့အားသင့်ဖွယ်ကောင်းအောင်ကို သူက စွမ်းဆောင်ကိုင်တွယ်နိုင်သူပါ၊ သူကအံ့ဖွယ်နည်းပြတစ်ယောက်ပါပဲ"

 

စီရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ အမြင်

play

 

" သူက အံ့အားသင့်စရာတွေကို လုပ်ပြနိုင်စွမ်းရှိသူပါ၊ ဒီပွဲက ကျွန်တော်တို့အတွက် ဒီနှစ်ဘောလုံးရာသီမှာ နောက်ဆုံးကစားပွဲပါ၊ သူ ဒီပွဲကို ၀င်ကစားသွားတဲ့အခါမှာ ဘာလုပ်ပြမလဲဆိုတာ ကြည့်ကြတာပေါ့"

Source : marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD