AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၁း၁၅ )မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဖိုင် နယ်ပွဲစဉ်ကို အဆိုပါ နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမား မိုက်ကယ်အိုဝင်က အခုလိုပဲ ခန့်မှန်း သုံးသပ်ထားပါ တယ်။

play

 

" ချန်ပီယံလိဂ် တစ်ရာသီလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ဗိုလ်လုပွဲကို တက်လာတဲ့ ရီးရဲအသင်းက လမ်းမှာ ပီအက်စ်ဂျီ၊ဂျူဗင်တပ်၊ဘိုင်ယန်မြူး နစ်စတဲ့အသင်းတွေကိုအနိုင်ယူကျော်ဖြတ်လာခဲ့ပါတယ်။လီဗာပူးအသင်းကတော့ ရီးရဲလောက် ဖြတ်သန်းခဲ့ရမှု မပြင်းထန်ပေမယ့် သူတို့ရဲ့ နေရာ ယူနိင်မှု၊သက်လုံကောင်းမှု၊အသင်းလိုက်စုဖွဲ့မှု အားကောင်းမှု စတာတွေနဲ့ အနိုင်ယူခဲ့တာကိုတွေ့ရပါတယ်။ဒါပေမယ့်လည်း ကျွန်တော်ကတော့ ဒီပွဲမှာ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆင် ချန်ပီယံဖလား ကိုင်မြှောက်တာကို မြင်ချင်ပါတယ်။" လို့ အိုဝင်က ပြောခဲ့ပါတယ်။

play

 

၁၉၉၆-၉၈ နောက်ပိုင်းမှာ ချန်ပီယံလိဂ် ဖိုင်နယ်ကို ၃ကြိမ်ဆက် တက်ရောက်နိုင်တာ ရီးရဲမက်ဒရစ်တစ်သင်းတည်းရှိသေးပြီး ယခုတစ်ကြိမ်ဟာ လည်း ဗိုလ်လုပွဲကို ၁၆ ကြိမ်မြောက်တက်ရောက်ခဲ့တာ ဖြစ်သလို အခြားဥရောပကအသင်းတွေထက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပိုမို ကစားထား နိုင်တဲ့အသင်းလည်း ဖြစ်ပါတယ်။

play

 

လီဗာပူးအသင်းအနေနဲ့လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၈ ကြိမ်မြောက်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး ၂၀၀၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဗို်လ် လုပွဲ ပြန်လည်ရောက်ရှိတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လီဗာပူးအသင်းဟာ တစ်ရာသီအတွင်းချန်ပီယံလိဂ် သွင်းဂိုး ၄၀ ပြည့်မြောက်တဲ့ တတိယမြောက်အသင်းလည်း ဖြစ်လာခဲ့ပြီး ၁၉၉၀-၀၀ ခုနှစ်က ဘာစီလိုနာအသင်းက ၄၅ ဂိုးသွင်းယူခဲ့သလို၊၂၀၁၃-၁၄ ခုနှစ်က ရီးရဲမက်ဒရစ်အသင်းက ၄၁ ဂိုးသွင်းယူခဲ့ကြတာလည်း ဖြစ်ပါတယ်။

"လက်ရှိ လီဗာပူးအသင်းရဲ့ တိုက်စစ်ကလည်း ဆာလာ၊ဖာမီနို၊မာနေး အတွဲကနေ ၂၉ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ရီးရဲအသင်းကတော့ နောက်တန်း အနည်းငယ် အားနည်းချက်ရှိတယ်လို့ မြင်ပါတယ်။လီဗာပူးအသင်းအနေနဲ့အဆိုပါ အားနည်းချက်ကို အခွင့်ကောင်းယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ဒါ့အပြင် ဒီပွဲမှာ တစ်ဖက်ဖက်က ဂိုးစောစောစီးစီးရခဲ့မယ်ဆိုင် ဂိုးများသွားနိုင်မယ်လို့လည်း ထင်ပါတယ်။ဦးနှောက်နဲ့ဆုံးဖြတ်ပြီး ပြောမယ်ဆိုရင်တော့ ရီးရဲအသင်းကိုပြောရမှာဖြစ်ပေမယ့် ကျွန်တော်က နှလုံးသားနဲ့ ပြောတာဆိုတော့ လီဗာပူးကို ရွေးချယ်ခဲ့တာပါ။" လို့ မိုက် ကယ်အိုဝင်က ပြောခဲ့ပါတယ်။

မိုက်ကယ်အိုဝင်မှာ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်သလို လီဗာပူးအသင်းမှာ ၁၉၉၆ ကနေ ၂၀၀၄ ခုနှစ်အထိ ပွဲပေါင်း ၂၁၆ ပွဲ ကစားပေးခဲ့ပြီး ၁၁၈ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မိုက်ကယ်အိုဝင်ဟာ ရီးရဲမက်ဒရစ်အသင်းမှာလည်း ၂၀၀၄-၀၅ ဘောလုံးရာ သီတစ်ခု ကစားခဲ့ပြီး ၃၆ ပွဲကစားပြီး ၁၃ ဂိုးအထိသွင်းယူခဲ့သူ တစ်ဦးဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘောလုံးပြိုင်ပွဲများရဲ့ ရလဒ်ခန့်မှန်းသူအဖြစ် လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲရဲ့ ရလဒ်ကိုလည်း လီဗာပူး ၂-၁ ရီးရဲမက်ဒရစ်ဆိုပြီး ခန့်မှန်းပေးခဲ့ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD