AD
AD
AD

ဘောလုံးကျွမ်းကျင်သူများဖြစ်တဲ့ ဂျင်မီရက်ပ်နက် နဲ့ မာတင်ကီအွန်၊ ခရစ္စဆပ်တန်တို့ရဲ့  ချန်ပီယံလိဂ်ဗိုလ်လုပွဲ ခန့်မှန်းမှုတွေကို Daily Mail က ဖော်ပြခဲ့မှုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

 

ဂျင်မီရက်နပ်

play

 

play

 

ဘောလုံးပွဲတစ်ပွဲလို့တောင် ခေါ်ဖို့ ခက်ပါတယ်၊ နှစ်သင်းစလုံးက ပဉ္စလက်ဆန်မှုတွေကို ပြုလုပ်နိုင်ကြပါတယ်၊ ပြီးတော့ အမှားတွေလည်း ကျူးလွန်မိမှာပါ။ အရာအားလုံးက ထင်ကြေးနဲ့ ချိန်သားမကိုက်တာတွေဖြစ်တတ်ပါတယ်။ ကျွန်တော့်အမြင်ရအဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က လီဗာပူးလ်ကို ၃-၂ ဂိုးနဲ့ အနိုင်ရသွားမှာပါ။

 

မာတင်ကီအွန်

play

 

play

 

လက်ရှိအချိန်မှာ ရီးရဲလ်ကို ရပ်တန့်ပစ်ဖို့က ခက်ခဲပါတယ်၊ ဒါဟာ သူတို့အတွက် (၅)နှစ်အတွင်း (၄) ကြိမ်မြောက် ဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။ သူတို့အသင်းရဲ့ ကစားသမားတွေက ဒီလိုပွဲမျိုးအတွေ့အကြုံ အများကြီးပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ ရီးရဲလ်ဖြစ်ဖြစ် လီဗာပူးလ်ကိုပဲ ဖြစ်ဖြစ် ရွေးချယ်ရတော့မှာပါ။ ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်ကိုပဲ ရွေးချယ်ချင်ပါတယ်။ ၂-၁ ဆိုတဲ့ ရလာဒ်နဲ့ပေါ့။

 

ခရစ္စဆပ်တန်

play

 

လီဗာပူးလ်ကပိုပြီးတော့ အရှိန်ရနေတယ်လို့ မြင်မိတယ်။ မက်ဒရစ်ကတော့ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ ပွဲတွေမှာ ကံကောင်းခဲ့တာပါ။ သူတို့ရဲ့ နေက်ဆုံး ၁၁ပွဲမှာ တစ်ပွဲပဲ ပေးဂိုးမရှိခဲ့တာက အားနည်းချက်ကြီး ဖြစ်နေပါတယ်။ ဒါကြောင့် လီဗာပူးလ်က ဒီညမှာလည်း သူတို့ကို အကြောက်တရားတွေဖြစ်လာအောင် ဖန်တီးနိုင်ပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်အနေနဲ့ လီဗာပူးလ်ကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ လီဗာပူးလ် ၃-၀ ရီးရဲလ်မက်ဒရစ်ပါပဲ။

 

အီရန်လေဒီမန်း

play

 

လီဗာပူးလ်ရဲ့ အိပ်မက်တွေ သေဆုံးသွားမှာကို ကျွန်တော် ကြောက်ရွံ့မိပါတယ်။ ရောမ နဲ့ ကိဗ်ကြားမှာ ဒရာမာဆန်မှုတွေက ခြားနားသွားနိုင်ပါတယ်၊ လီဗာပူးလ်အနေနဲ့ ဂိုးမပေးရအောင် ခက်ခက်ခဲခဲ တားဆီးရမှာပါ၊ သူတို့အနေနဲ့ ဒီပွဲကို ကောင်းကောင်းကြီး ထိန်းချုပ်နိုင်မယ်ဆိုရှုတော့ အရမ်းအံ့အားသင့်စရာပါပဲ၊ ရီးရဲလ်မက်ဒရစ်ပဲ အနိုင်ရသွားမှာပါ။ ရီးရဲလ် ၃-၁ လီဗာပူးလ် လို့ ထင်ပါတယ်။

 

မတ်ဘာလိုး

 

လီဗာပူးလ်အနေနဲ့ ရီးရဲလ်ကို နေရာလွတ်တွေ အရယူပြီး အင်အားအရလည်း ကောင်းကောင်းကြီး လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ လီဗာပူးလ်ပဲ အနိုင်ရမှာပါ။ ရီးရဲလ်မက်ဒရစ် ၂-၃ လီဗာပူးလ် ဖြစ်လာမယ်လို့ ထင်ပါတယ်။

 

ဒေါမနစ်ကင်း

play

 

Logic အရ ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး၊ တခါတလေမှာ လီဗာပူးလ်အနိုင်ရသွားမယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်လာပါတယ်၊ လီဗာပူးလ်အနေနဲ့ ဒီပွဲကို ထူးထူးခြားခြား ပြောင်းလဲတာမျိုး ရှိမှာမဟုတ်ပါဘူး၊ သူတို့အသင်းသားတွေက အသင်းကို ဒီနေရာကို အရောက်ပို့ဆောင်နိုင်ခဲ့ပြီးပါပြီ။ ရီးရဲလ်မက်ဒရစ်ကို အသာစီးရရှိသွားဖို့လည်း ရှိပါတယ်။ လီဗာပူးလ် ၃-၁ ရီးရဲလ်မက်ဒရစ်ဆိုတဲ့ ရလာဒ် ထွက်ပေါ်လာနိုင်ပါတယ်။

 

ပီတီယန်ဆင်

 

ရီးရဲလ်မှာ ထိပ်တန်းအဆင့် တိုက်စစ်မှူး (၃) ယောက် ရှိနေပါတယ်၊ ဘန်ဇီမာ၊ ဗက်ကွက်နဲ့ အဆန်စီယို၊ ဒါမှမဟုတ်ရင် ဘေးလ်နဲ့အစ္စကိုတို့ ပွဲထွက်လာနိုင်ပါတယ်။ လီဗာပူးလ်က ပိုမိုသန်မာတောင့်တင်တယ်ဆိုပေမယ့်  ရီးရဲလ်ရဲ့ တိုက်စစ်ပိုင်း အားကောင်းမှုက ပိုပြီးတော့ အသာစီး ရရှိသွားနိုင်ပါတယ်။ အချိန်ပိုအထိ ကစားရဖွယ်ရှိနေပြီး ရီးရဲလ်က ၄-၂ဂိုးနဲ့ အနိုင်ရသွားမှာပါ။

 

ခရစ္စ၀ှီးလာ

play

 

တော်တော်လေးခန့်မှန်းရခက်ပါတယ်၊ ဒိနှစ်သင်းစလုံးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေအများအပြား သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ကစားပုံကို ပြသနီုင်ခဲ့ပါတယ်။ ကိဗ်မြို့မှတော့ သမိုင်းတွင်မယ့် ပွဲတစ်ပွဲကို ကြည့်ရတော့မှာပါ၊ ရီးရဲလ်က ပိုပြီး ရေပန်းစားနေပါတယ်၊ ဒါလည်း မှန်ကန်တဲ့ အကြောင်းရင်းတစ်ခုပါပဲ၊ ဒါပေမယ့် လီဗာပူးလ်ဟာ ချန်ပီယံလိဂ်မှာ (၃)နှစ်ဆက် ဗိုလ်လစွဲဖို့ ကြိုးစားနေတဲ့ ရီးရဲလ်ကို တားဆီးနိုင်ပါလိမ့်မယ်။ လီဗာပူးလ်က ရီးရဲလ်ကို ၃-၂ ရလာဒ်နဲ့ အနိုင်ရသွားမှာပါ။

Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD