AD
AD
AD

ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကို အားပေးဖို့ယူကရိန်းကို ရောက်ရှိနေတဲ့ လီဗာပူး ပရိသတ်တွေကို မျက်နှာဖုံးစွပ်ထားတဲ့ ဆိုးသွမ်း ပရိသတ် တစ်စုက တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် နိုင်ငံခြားသား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကိဗ်မြို့လယ်ခေါင်ရှိ ရိုစတာ ဂရေးလ် စားသောက်ဆိုင်မှာ ဖြစ်ပွား ခဲ့တာလို့လည်းသိရပါတယ်။

play

 

ဖြစ်စဉ်ရဲ့ ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ပြီးတဲ့နောက်မှတော့ ယူကရိန်းရဲတွေ ရောက်ရှိလာခဲ့ပြီး ထိန်းသိမ်းခဲ့တယ်လို့သိရပေမယ့်လည်း ဖြစ်စဉ်အတွင်း စားပွဲများ၊ထိုင်ခုံများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် လီဗာပူး ပရိသတ်တွ အထိနာခဲ့ရပါတယ်။

play

 

ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ အထဲမှ သောင်းကျန်သူ ၂ ဦးကိုလည်း ထိန်းသိမ်းထားပြီးဖြစ်ကြောင်းနှင့် အခြားသူများကတော့ လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

နောက်ထပ် ၂၄ နာရီလောက် ယူကရိန်းနိုင်ငံမှာ နေထိုင်ဖို့ ထပ်မံ ကြာမြင့်အုံးမှာ ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လုံခြုံရေး ရရှိစေဖို့ လည်စည်း ပ၀ါများ၊ခေါင်းစွပ်များစတဲ့ အရာတွေကို ၀တ်ဆင်ထားခြင်းဟာ ပိုမို စိတ်ချရစေမယ်လို့လည်း ယူကရိန်းရဲတွေက အသိပေးခဲ့ပါတယ်။

"ကျွန်တော်တို့တတွေ ညစ သုံးဆောင်နေကြတာပါ။ကျွန်တော်တို့က ဒီကို စီးပွားရေးအတွက်လာကြတာလည်းမဟုတ်ပါဘူး။ဘောလုံးပွဲကြည့်ရုံ သက်သက်သာ လာခဲ့ကြတာပါ။ကျွန်တ်ာတို့ ဒီကိုရောက်ပြီး ၄နာရီအကြာမှာပဲ အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။" လို့ အသက် ၅၀ အရွယ် လီဗာပူး ပရိသတ်တစ်ဦးဖြစ်တဲ့ ဂျေဆန် ဖရော့က ပြောခဲ့ပါတယ်။

လီဗာပူး ပရိသတ်အချို့မှာလည်း လေယာဉ်လက်မှတ်အခက်အခဲကြောင့် မာဆေးဆိုဒ်ကနေ လိုက်ပါအားပေးနိုင်ခြင်းမရှိဘူးလို့ သိရပြီး ယူကရိန်း နိုင်ငံအနေနဲ့ ပရိသတ် ၇ သောင်းကျော်ဆံ့ အားကစားကွင်းကြီးအတွင်း ရီးရဲနဲ့ လီဗာပူး နှစ်ဖက်ပရိသတ်တွေအတွက် လက်မှတ် ၃ သောင်းကျော် စီစဉ်ပေးထားတယ်လို့လည်းသိရပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD