AD
AD
AD

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် လေ့ကျင့်ရေး အစီအစဉ်ကို မီဒီယာများ တက်ရောက် သ တင်းဓာတ်ပုံများ ရယူခွင့်ရခဲ့ပါတယ်။

play

 

အဆိုပါ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ဂျာနယ်လစ်တစ်ဦးဟာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီး ရော်နယ်ဒိုရဲ့ ဂျာစီကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဖြစ်စဉ်ကတော့ ရော်နယ်ဒိုအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ရေးဆင်းနေစဉ်အတွင်း ဘောလုံးကို အရှိန်နဲ့ ဂိုးပေါက်ကို ကန်ခဲ့ရာမှာတော့ ဘောလုံးဟာ လိုရာ မသွားခဲ့ပဲ ဂိုးရဲ့ လက်ယာဖက်မှာရှိနေတဲ့ ကင်မရာမန်းကို သွားရောက်ထိမှန်ခဲ့တာကြောင့် အဆိုပါ ကင်မရာမန်းမှာ မျက်ခုံး ကွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

စပိန်ဘာသာနဲ့ သတင်းတင်ဆက်နေတဲ့ အမေရိကန်ရုပ်သံလိုင်းယူနီဗစ်ရှင်ဒီပို့တီ သတင်းဌာနတစ်ခုမှ ကင်မရာမန်း လော်ရန်ဇာနာ ပရီတိုဟာ ရော်နယ်ဒိုကန်လိုက်တဲ့ ဘော လုံးထိမှန်ခံခဲ့ရပြီး အဆိုပါ ဖြစ်စဉ်ကပဲ ၎င်းကို ထူးခြားမှုတွေ ယူဆောင်လာပေးခဲ့တာ ဖြစ်ပါတယ်။

play

 

မျက်ခုံးကွဲသွားခဲ့တဲ့သူ့ကို ဆေးကုသမှု ပေးခဲ့ပြီးမကြာမီမှာပဲ ပတ်တီးနဲ့အတူ ကွင်းအတွင်းပြန်လာကာ တာဝန်ဆက်လက်ထမ်းဆောင်နိုင်ခဲ့တယ် လို့လည်းသိရပါတယ်။

အဲ့နောက်မှာတော့ ဘောလုံးကို ကန်ခဲ့တဲ့ ရော်န်ဒိုက ၎င်းထံလာရောက်တောင်းပန်စကားဆိုခဲ့ပြီး အထိမ်းအမှတ်အဖြစ် ၎င်းလေ့ကျင့်ရေးဆင်းနေ စဉ် ၀တ်ဆင်ကစားခဲ့တဲ့ ဂျာစီနံပါတ် ၇ ပါ အင်္ကျီကိုလည်း လက်ဆောင်အဖြစ်ပေးခဲ့တယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းအတွက်တော့ ယနေ့ည(မြန်မာစံတော်ချိန် တင်္နနွေနေ့ နံနက် ၁း၁၅)မှာ ယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲမှာ ရော်နယ်ဒိုရဲ့ အခုလို ကန်ချက်တွေကိုတော့ မမျှော်လင့်ထားဘူလို့ ယူဆရပြီး ရော်နယ်ဒိုဟာ ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ၁၅ ဂိုးအထိ သွင်းယူထား နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD