AD
AD
AD

လီဗာပူးအသင်းမှ အီဂျစ်တိုက်စစ်မှူး ဆာလာကို ရီးရဲအသင်းမှ ရော်နယ်ဒို၊ဘာစီလိုနာအသင်းမှ မက်ဆီတို့နဲ့ ခိုင်းနှိုင်းပြောဆိုနေတာတွေဟာ ရယ်စရာကောင်းလွန်းပါတယ်လို့ ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

မနေ့ကပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ ရာမို့စ်က အခုလို ပြောခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဆာလာမှာ ယခုနှစ်ရာသီမှ ရိုးမားအသင်းကနေ လီဗာပူးအသင်းကို ရောက်ရှိခဲ့တာ ဖြစ်ပြီး အသင်းသစ်နဲ့အတူ ရာသီသစ်မှာပဲ ပြိုင်ပွဲစုံ သွင်းဂိုး ၄၄ ဂိုးအထိသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play

 

၎င်းရဲ့ အရည်အချင်းကို ရော်နယ်ဒိုကိုယ်တိုင်ကလည်း အထင်ကြီးစရာ ခြေစွမ်းမျိုးဖြစ်တယ်လို့ ၀န်ခံပြောထားပေမယ့်လည်း ရာမို့စ်ကတော့ ဆာ လာကို ၎င်းတို့နှစ်ဦးနဲ့ ခိုင်းနှိုင်းဖို့ စောလွန်းသေးတယ်လို့ပဲ သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

"ရော်နယ်ဒိုနဲ့ မက်ဆီက အခြားဂြိုလ်တစ်ခုလာကြတာပါ။အချို့ကစားသမားတွေက စမတ်ကျတယ်၊အချို့ကပျောက်ကွယ်သွားတတ်တယ်၊အချို့ ကတော့ ကြီးကျယ်တဲ့သူတွေ ဖြစ်လာခဲ့တယ်၊ဆာလာကတော့ အလွန်ကြီးကျယ်တဲ့ ကစားသမားလို့ပဲ မြင်မိပါတယ်။နောက်ထပ် ဘာဆက်ဖြစ်မ လဲဆိုတာတော့ စောင့်ကြည့်ကြရအောင်" လို့ ရာမို့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဆာလာရဲ့ လီဗာပူးအသင်းနည်းပြ ကလော့ပ်ကတော့ အခုလို နှိုင်းယှဉ်ပြောနေတာ စိတ်ဝင်စားဖို့မကောင်းပဲ သူ့ကစားသမားဟာ အနာဂတ် မော်ဒန် ဘောလုံးလောကထဲမှာ အောင်မြင်ကျော်ကြားလာမယ့် ကစားသမားတစ်ဦးလို့သာ မှတ်ချက်ပေးခဲ့ပါတယ်။

ဆာလာမှာ ယခုနှစ် ဘောလုံးရာသီမှ လီဗာပူးအသင်းနဲ့အတူ ထွန်းတောက်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ယခုခြေစွမ်းကို နောက်ထပ် ဘယ်နှစ်နှစ် ဆက်လက်ထိန်းသိမ်းထားနိုင်အုံးမှာလဲဆိုတဲ့ မေးခွန်းတွေကလည်း များစွာ ပေါ်ပေါက်နေခဲ့ပြီး အဆိုပါ မေးခွန်းတွေကို ဆာလာ သက်သေပြနိုင်မှာလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရအုံးမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယနေ့ည(မြန်မာစံတော်ချိန် နံနက် ၁း၁၅)မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ဆာလာရဲ့ လီဗာပူးအသင်းနဲ့ ရော်နယ်ဒိုရဲ့ ရီးရဲမက် ဒရစ်အသင်းတို့ ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD