AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ နံနက်၁း၁၅)မှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးအသင်းနဲ့ ရီးရဲအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တော့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသွားနိုင်မယ့် ထိပ်တိုက်တွေ့ဆုံမှု ၃ ခု ရှိနေပါတယ်။

အဆိုပါ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ဘယ်သူတွေက ဘယ်လိုကျော်ဖြတ်ပြီး မိမိအသင်းအတွက် ချန်ပီယံဆုဖလား ပိုင်ဆိုင်စေမလဲဆိုတာက အဆိုပါ ပွဲစဉ်မှာ အင်မတန်မှ အရေးကြီးနေတာလည်း ဖြစ်ပါတယ်။

play
play

 

ဆလာ - မာဆယ်လို ထိပ်တိုက်တွေ့ဆုံမှု
-----------------------------

ဒီနှစ်ယောက်ရဲ့အားပြိုင်မှုက အနိုင်အရှုံးရလဒ်ကို ပိုပြီး သိသာထင်ရှားစေဖို့ ဖြစ်လာစေပါလိမ့်မယ်။ သူတို့နှစ်ယောက်ရဲ့ ကစားပုံက ဖျော်ဖြေမှု ရ သပေးစွမ်းသလို ဘာမဆို ဖြစ်သွားနိုင်စေလို့လည်း စနေနေ့ညက ပိုပြီးသက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းနောက်ဆုံးကစားခဲ့တဲ့ဗီလာရီးရဲနဲ့ပွဲမှာ မာဆယ်လိုဟာ လူကျွံဘောတွေ ဖမ်းကစားခဲ့တာကို သတိပြုမိမယ်ထင်ပါတယ်။ ဒီလို အခြေအနေမျိုးကိုရော ဒီကနေ့ညပွဲမှာ မာဆယ်လိုအနေနဲ့ ဆာလာကို လူကျွံဘောတွေ ပိုင်ပိုင်နိုင်နိုင်ဖမ်းနိုင်အုံးမလားဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တစ်ခုရှိတာက ဆာလာက ပုံသေ ကစားဟန်နဲ့ ကစားတာမဟုတ်ပဲ မာဆယ်လိုရော လူးကပ်စ် ဗက်စ်ကွက်ရော တိုက်စစ်ကို လိုက်ပါမယ်ဆိုရင် တော့ ဆာလာအနေနဲပလည်း အလက်ဇန္ဒား အာနိုးလ်ကို ချန်ထားလို့ မရတော့မယ့်အနေအထားမှာရှိနေပါတယ်။

play
play

 

ရော်နယ်ဒို - ဗန်ဒိုက် ထိပ်တိုက်တွေ့ဆုံမှု
--------------------------

ဆာလာဟာ လီဗာပူးအတွက် ယခုနှစ်ဘောလုံးရာသီမှာ အရေးပါဆုံး ကစားသမားလို့ ပြောမယ်ဆိုရင် နောက်ခံလူ ဗန်ဒိုက်ကိုလည်း ချန်ထားလို့ တော့မရပါဘူး။

သူရောက်လာပြီးကတည်းက ပေးဂိုးတွေ စိပ်နေတဲ့ လီဗာပူးအသင်းရဲ့နောက်တန်းက ပိုမို လုံခြုံခဲ့တယ်ဆိုတာကလည်း မှတ်တမ်းတွေအရ သိနိုင် မှာပါ။

အခုတော့ ချန်ပီယံလိဂ်ရဲ့စံချိန်တွေကို သိမ်းကြုံနေသူ၊ဂိုးတွေ တရစပ်သွင်းနေသူ ရော်နယ်ဒိုနဲ့ ထိပ်တိုက်အတွေ့မှာတော့ရော်နယ်ဒိုကပဲ ဂိုးတွေ သွင်းနိုင်အုံးမလား၊ဗန်ဒိုက်ကပဲ ထိန်းချုပ်နိုင်မလားဆိုတာ ရင်သပ်ရှုမောဖွယ်ကောင်းလှနေပါတယ်။

သေချာတာကတော့ ဗန်ဒိုက်က ဘယ်လိုပင် ရော်နယ်ဒိုကို ထိန်းချုပ်ဖို့ နည်းလမ်းရှာပါစေ ရော်နယ်ဒိုကလည်းသူလုပ်ရမယ့်အလုပ်ကို ပြီးမြောက် နိုင်ဖို့ ဂိုးသွင်းဖို့အခွင့်အရေးရှာနေမှာပါပဲ။ စစ်တမ်းအရဆိုရင်တော့ ဗန်ဒိုက်ရဲ့ အရပ် အမြင့်က ၆ ပေ ၄ လက်မရှိပေမယ့် ရော်နယ်ဒိုက အဲ့ထက် ပိုမြင့်အောင်ကန်နိုင်တယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ လီဗာပူးနောက်တန်းကို ၁-၂ ကစားကွက်နဲ့တော့ တိုက်ထွက်နိုင်လိမ့်မယ် မထင်မိပေမယ့်လည်း အလုပ်ရှုပ်စေမယ့် ကစားသမားတစ်ယောက်အဖြစ်တောာ့ ရှိနေတာလည်း ဖြစ်ပါတယ်။

play
play

 

မိုဒရစ်- ဟန်ဒါဆင် ထိပ်တိုက်တွေ့ဆုံမှု
----------------------------

တိုက်စစ်နဲ့နောက်တန်း ကိုယ်စီထိပ်တိုက်တွေ့ဆုံနေကြပေမယ့်လည်း ဒီနှစ်သင်းကြား အဓိက စကားပြောသွားမယ့်အရာကတော့ ကွင်းလယ် အင်ဂျင်ပိုင်းလို့ပဲ ဆိုရမှာပါ။

ရီးရဲရဲ့ မိုဒရစ်က အသင်းကို အဓိကမောင်းနှင်နေတာ ဖြစ်ပြီး အသင်းကို သူ့ရဲ့ တိကျတဲ့ ပေးပို့မှုတွေနဲ့အတူ နေရာလွတ်တွေ ရှာဖွေပေးနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

သူက ဒီကနေ့ပွဲမှာ ပရိသတ်တွေရဲ့ မြင်ကွင်းမှာ ခရာကျချင်မှ ကျပါလိမ့်မယ်။ဒါပေမယ့် သေချာပါတယ်၊သူက ဒီကနေ့ပွဲမှာ တိတ်တဆိတ် လူသား သမားအဖြစ် ရှိနြေမယ့်သူပါ။သူကိုယ်တိုင် တိုက်ရိုက် မဟုတ်ပဲ အခြားသူတစ်ဦးတစ်ယောက်အတွက် အထောက်အပံ့ပေးမယ့်သူလည်း ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆင်အနေနဲ့ မိုဒရစ်ကို ထိန်းချုပ်ရမှာ ဖြစ်ပြီး သူ့အတွက်တော့ သက်တောင့်သက်သာ မရှိလှမဲ့ တာဝန် ကြီးကို ထမ်းဆောင်ရဖို့ရှိနေတာလည်း ဖြစ်ပြီး အခက်ခဲဆုံးအလုပ်တွေထဲက တစ်ခုလို့တောင်ဆိုရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ အဓိကလုပ်ဆောင်ရမယ့် တာဝန်ကတော့ ရီးရဲရဲ့ ဘောလုံးကို အမြန်ပြတ်အောင်ဖြတ်ပြီးရင် တိုက်စစ်နဲ့တောင်ပံ ကစားသမားတွေဆီအ မြန်ဆုံးဘောလုံးပေးပို့ပေးရမယ့် တာဝန်လို့ယူဆမိပြီး နည်းပြကလော့ပ်ရဲ့မှော်ဆန်တဲ့ လှည့်ကွက်တွေနဲ့အတူ ဘယ်လောက်တောင် ရင်ခုန်ဖို့ ကောင်းနေအုံးမှာလဲ?

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD