AD
AD
AD

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဖြစ် ကစားနေတဲ့ လီဗာပူးလ်အသင်းနဲ့ ရီးရဲလ်တို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးလ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကတော့ ဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် နောက်ခံလူ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်နဲ့ ထိခိုက်မိပြီးနောက်မှာ ဆာလာဟာ မိနစ်အနည်းငယ်ကြာ ပွဲကို ဆက်လက်ကစားနေခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ဆာလာအနေနဲ့ ဒဏ်ရာအနာတရဖြစ်မှုကို မခံစားနိုင်တော့တဲ့ အမူအရာမျိုး ပြသခဲ့ပြီး ဆေးအဖွဲ့ရဲ့ စစ်ဆေးမှုများအပြီးမှာ လူစားလဲလှယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပြီး အသင်းရဲ့ အားအထားရဆုံး ကစားသမားတစ်ဦးကို ဆုံးရှုံးလိုက်ရတာ ဖြစ်ပြီး လက်ကျန်ပွဲချိန်တွေမှာ ရုန်းကန်ရမယ့် အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။

play

 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၀) ဂိုးသွင်းယူပေးထားတဲ့ ဆာလာဟာ လီဗာပူးလ်တိုက်စစ်ရဲ့ အဓိကကစားသမားအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပြီး လူစားလဲလှယ်ချိန်မှာ ဆာလာဟာ ငိုကြွေးမှုများရှိနေခဲ့ပါတယ်။ ပွဲချိန် (ု၂၈) မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆာလာရဲ့ အနေအထားကိုတော့ စောင့်ကြည့်ရဖို့ ရှိနေပြီဖြစ်ပါတယ်။

play

 

ဆာလာအနေနဲ့ ဒဏ်ရာပြင်းထန်ခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပါ လွဲချော်ရဖွယ်ရှိနေပြီး ဆေးအဖွဲ့ရဲ့ စစ်ဆေးမှု နောက်ဆုံးအပြီးသတ် ရလာဒ်ကို စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ ဆာလာရဲ့ နေရာမှာတော့ လီဗာပူးလ်အသင်းဟာ ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လယ်လာနာနဲ့ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ပါတယ်။

play

 

ဆာလာအနေနဲ့ မျက်ရည်စက်လက်နဲ့ ကွင်းအတွင်းက ထွက်ခွာခဲ့တာဖြစ်ပြီး သူ မပါဝင်နိုင်တော့တဲ့ လီဗာပူးလ်အသင်းရဲ့ ခြေစွမ်း နဲ့ ရလာဒ်ဟာ ဘယ်လိုမျိုး ထွက်ပေါ်လာမလဲဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD