AD
AD
AD

ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာတော့  လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးလ်ကို အနိုင်ယူပြီး (၃) နှစ်ဆက်တိုက် ချန်ပီယံလိဂ်ဆုဖလားကို ရယူသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ ချန်ပီယံလိဂ်လို့ နာမည်ပြောင်းပြီး သမိုင်းတစ်လျှောက်မှာ

ပထမဆုံးအကြိမ် အသင်းတစ်သင်းက (၃) ကြိမ်ဆက် ဆုဖလားဆွတ်ခူးးနိုင်မှုလည်း ဖြစ်ခဲ့ပါတယ်။

play

 

ဒီနေ့ပွဲမှာတော့ (၂) သင်းစလုံးဟာ အသင်းရဲ့ အမာခံကစားသမားတွေကို ပွဲထုတ်လာခဲ့ပြီး ပထမပိုင်းပွဲကစားချိန်အတွင်းမှာပဲ လီဗာပူးလ်အသင်းရဲ့ အားအထားရဆုံး ကစားသမား မိုဟာမက်ဆာလာဟာ ဒဏ်ရာရရှိခဲ့မှုကြောင့် လူစားလဲလှယ်ခံခဲ့ရမှုကလည်း ဒီပွဲရဲ့ ရလာဒ်ကို

အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။

play

 

ပွဲအစပိုင်းမှာ လီဗာပူးလ်အသင်းက သူတို့ရဲ့ ထုံးစံအတိုင်း တိုက်စစ်ကို လျှင်လျှင်မြန်မြန်နဲ့ အကောင်အထည်ဖော်ခဲ့ပြီး ရီးရဲလ်ကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ ကစားမှုကြောင့် ရီးရဲလ်အနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ကစားကွက်ကို တည်နိုင်ဖို့အတွက် အားထုတ်ခဲ့ရပါတယ်။

လီဗာပူးလ်အနေနဲ့ သူတို့ရဲ့ (၆) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားအတွက် အားထုတ်ခဲ့တာဖြစ်ပြီး ဦးဆောင်ဂိုးရရှိအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

play
play

 

ဒါပေမယ့်လည်း ပွဲချိန် (၂၈) မိနစ်ခန့်မှာတော့ လီဗာပူးလ်အသင်းရဲ့ အဓိကကစားသမား ဆာလာဟာ ရီးရဲလ်အသင်းခေါင်းဆောင် ရာမို့စ်နဲ့ ထိခိုက်မိခဲ့ပြီး လူစားလဲလှယ်ခဲ့ရပါတယ်။ ဒါဟာ လီဗာပူးလ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ အင်အားချည်နဲ့ခဲ့မှုနဲ့

ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန်ပထမပိုင်းမှာတော့ နှစ်ဖက်အသင်းဟာ ဂိုးမရှိသရေဖြစ်ခဲ့ပြီး ပွဲကို ပြီးဆုံးစေခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာတော့ ရီးရဲလ်က အတွေ့အကြုံနဲ့သမ္ဘာကို အားပြုပြီး အနိုင်ဂိုးရဖို့ အားထုတ်ခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ ခံစစ်ကို အနည်းငယ်အားပြုပြီး ကစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ပွဲချိန်  ၅၀ မိနစ်မှာ လီဗာပူးလ်ဂိုးသမား ကာရီးယပ်စ်ရဲ့ အံ့အားသင့်စရာ အမှားကနေတဆင့်ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာက အဖွင့်ဂိုးကို ရယူနိုင်ခဲ့မှုက ပွဲရဲ့ ရလာဒ်အပေါ် အလှည့်အပြောင်းတစ်ခု  ဖြစ်စေခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း မာနေးရဲ့ (၅၅) မိနစ်မှာ သွင်းယူခဲ့တဲ့ ချေပဂိုးကြောင့် လီဗာပူးလ်ရဲ့ မျှော်လင့်ချက်တို့ ရှင်သန်ခဲ့ရပြီး ပွဲက မြိုင်ဆိုင်ခဲ့ပါတယ်။ ရီးရဲလ်နည်းပြ ဇီဒန်းကလည်း ချေပဂိုးပေးအပြီးရမှာ ခြေစွမ်းပျောက်ကွယ်နေတဲ့ အစ္စကိုနေရာမှာ ဂါရတ်ဘေးလ်ကို ထည့်သွင်းပြီးတော့

လူစားလဲလှယ်ခဲ့ပါတယ်။

play
play

 

ဇီဒန်းရဲ့ လူစားလဲလှယ်မှု မှန်ကန်ခဲ့ပြီး (၆၃) မိနစ်မှာတော့ ဂါရတ်ဘေးလ်က လှပတဲ့ နောက်ပြန်ကန်ချက်နဲ့အတူ ဂိုးကန်သွင်းယူခဲ့ပြီး ရီးရဲလ်ကို ဦးဆောင်စေခဲ့ပါတယ်။ ဒီဂိုးမှာတော့ ဂါရတ်ဘေးလ်ရဲ့ ဘောလုံးပညာပြည့်ဝမှုနဲ့ ချိန်သားကိုက် ဂိုးသွင်းယူနိုင်မှုတို့ကို ချီးကျူးရမှာဖြစ်ပြီး

သူ့အပေါ် ယုံကြည်မှုပေးခဲ့တဲ့ ဇီဒန်းအပေါ်မှာ သက်သေပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

လီဗာပူးလ်အနေနဲ့ ရီးရဲလ်ရဲ့ ကစားကွက်အောက်မှာပဲ ရှိနေခဲ့ပြီး ချေပဂိုးရယူဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့တာ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ကတော့ ပွဲချိန် ၈၃မိနစ်မှာ ဧရိယာအပြင်ဘက်မှ အပြင်းကန်ချက်နဲ့အတူ သူ့အတွက် ဒုတိယဂိုးရယူပြီး ရီးရဲလ်ကို သိသိသာသာ အသာစီး

ရယူစေခဲ့ပါတယ်။ ဒီဂိုးမှာလည်း ကာရီးယပ်စ်ရဲ့ ညံ့ဖျင်းမှုကို တွေ့မြင်ခဲ့ရပြီး ဂိုးသမားတစ်ဦးရဲ့ မမှားသင့်တဲ့ အမှားအယွင်းတွေကို မြင်တွေ့ခဲ့ရပါတယ်။

play

လက်ကျန်မိနစ်တွေမှာတော့ ရီးရဲလ်ဟာ ပွဲကို စနစ်တကျ ထိန်းချုပ်သွားခဲ့ပြီး ပွဲအပြီးမှာတော့ (၃-၁) ဂိုး ရလာဒ်နဲ့အတူ (၁၃) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ထိုက်တန်စွာ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD