AD
AD
AD

မိမိသားဖြစ်သူ စီရော်နယ်ဒိုအနေနဲ့ အသင်းပြောင်းရွှေ့ခဲ့မယ်ဆိုရင်တောင် ပီအက်စ်ဂျီကို ပြောင်းရွှေ့ခိုင်းဖို့ထက် မန်ချက်စတာယူနိုက်တက် အသင်းကိုသာ ပြန်သွားကစားစေချင်တယ်လို့ စီရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ အသင်းက ထွက်ခွာဖွယ်ရှိတဲ့ စကားတချို့ကို စီရော်နယ်ဒိုက ပြောကြားခဲ့အပြီးမှာ သူ့ရဲ့ အပြောင်းအရွှေ့သတင်းတွေက လှုပ်ခတ်လာခဲ့ ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၃) နှစ်ဆက် ချန်ပီယံလိဂ်ဆုဖလားနဲ့ သူ့ရဲ့ ကစားသမားဘ၀ (၅)လုံးမြောက် ချန်ပီယံလိဂ်ဆုဖလားကို ရရှိအောင် စွမ်းဆောင်နိုင်အပြီးမှာ စီရော်နယ်ဒိုက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒို ပြောကြားအပြီးမှာ မန်ချက်စတာယူနိုက်တက် နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း စီရော်နယ်ဒိုရဲ့ မိခင်ဖြစ်သူ အဗွီရိုက သူမရဲ့သားဖြစ်သူနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့တွေအပေါ်မှာ အခုလိုပွဲ ပြောကြား သွားခဲ့ပါတယ်။ "သူ နောက်ဆုံးအကြိမ် ဘလွန်းဒီအောဆုရတုန်းက သူ့အတွက် အရမ်းဂုဏ်ယူခဲ့မိပါတယ်၊ သူဒီဆုကို ရယူခဲ့တုန်းက ပဲ၇စ်ကို လာခဲ့ရတာပါ၊ လူတိုင်းက အရေးတယူနဲ့ ဦးစားပေးဆက်ဆံကြပါတယ်၊ အမှန်အတိုင်းပြောရရင်တော့ သူ ပီအက်စ်ဂျီကို ပြောင်းလည်း ကိစ္စမရှိပါဘူး၊ ဒါပေမယ့် ကျွန်မကတော့ သူ့ကို မန်ချက်စတာကိုပဲ ပြန်ပြောင်းစေချင်တယ်" လို့ ပြောသွားခဲ့ပါတယ်။

play

 

ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာလည်း စီရော်နယ်ဒိုက ငွေကြေးက သူ့အတွက် ပြသနာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး သူ့အနေနဲ့ ဘာကိုမှ အာမမခံနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားခဲ့အပြီးမှာ စီရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အနာဂတ်ဟာ မတည်မငြိမ် ဖြစ်နေခဲ့ပြီး သူ့ရဲ့ ပြောကြားမှုအပေါ်မှာလည်း အသင်းခေါင်းဆောင် ရာမို့စ်က စိတ်ဆိုးဒေါသထွက်နေခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါပေမယ့်လည်း စီရော်နယ်ဒိုဟာ မက်ဒရစ်မြို့အတွင်း ချန်ပီယံလိဂ်ဆုဖလားနဲ့ လှည့်လည်အောင်ပွဲခံရာမှာတော့ အသင်းပရိသတ်များကို သူ ဒီအသင်းမှာ ပျော်ရွှင်ကြောင်းနဲ့ နောက်နှစ်တွေမှာ ပြန်လည်ဆုံတွေ့ပါဦးမယ်လို့ ပြောင်းလဲပြောကြားသွားခဲ့ပါတယ်။ ဒါဟာ သူ့အနေနဲ့ ရီးရဲလ်မှာပဲ ဆက်ရှိနေမယ်လို့ ဆိုလိုခဲ့ဟန်ရှိပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ မြင့်တက်လာခဲ့ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Source : Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD