AD
AD
AD

စပိန်နိုင်ငံမှာ အခွန်ငွေရှောင်တိမ်းမှုကြောင့် တရားစွဲဆိုခံထားရတဲ့ ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုဟာ သူ့ရဲ့ ပြစ်မှုအတွက် ဒဏ်ကြေးငွေ ယူရို၁၄သန်း ပေးဆောင်ဖို့ ကမ်းလှမ်းခဲ့မှုအပေါ် စပိန်အခွန်ရုံးတာဝန်ရှိသူများက ပယ်ချခဲ့တယ်လို့ သိရပါတယ်။ စီရော်နယ်ဒိုဟာ သူ့ရဲ့ အပြစ်အတွက် မြင့်မားတဲ့ငွေကြေးကို ဒဏ်ငွေပေးဆောင်ဖို့ လျှောက်ထားခဲ့ပေမယ့် ပယ်ချခံခဲ့ရတာလည်း ဖြစ်ပါတယ်။

play

 

စီရော်နယ်ဒိုကို စပိန်တရားရုံးက အဆိုပါပြစ်မှုအတွက် ဆိုင်းငံ့ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ကစားသမားဟာ ထောင်ဒဏ်ကို ငွေဒဏ်အဖြစ် ပြောင်းလဲပေးဖို့ ယူရို၁၄သန်းအထိ ပေးဆောင်ကာ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီ ကစားသမားဟာ ပုံရိပ်အသုံးပြုခများမှ ရရှိခဲ့တဲ့ ၀င်ငွေကို အခွန်ထမ်းဆောင်ဖို့ ရှောင်လွှဲခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး တရားရုံးမှာ ဖြေရှင်းနေခဲ့ရတာလည်းဖြစ်ပါတယ်။

play

 

အခုလို စီရော်နယ်ဒိုရဲ့ ကမ်းလှမ်းမှုအပေါ်ကို ပယ်ချခဲ့ပေမယ့်လည်း စပိန်အခွန်ရုံးတာဝန်ရှိသူများက စီရော်နယ်ဒို ပေးဆောင်မယ့် ယူရို ၁၄သန်းရဲ့ နှစ်ဆနီးပါးဖြစ်တဲ့ ယူရို၂၈သန်း ပေးဆောင်ဖို့အတွက် ပြန်လည်တောင်းဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ငွေကြေးကို ဇွန်လ (၁၅) ရက်နေ့ မတိုင်ခင်မှာ ပေးဆောင်နိုင်သလို ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ပေးဆောင်လို့လည်း ရတယ်လို့ သိရပါတယ်။

play

 

စပိန်နိုင်ငံမှာတော့ နာမည်ကျော်ကစားသမားအများအပြားဟာ အခွန်ရှောင်တိမ်းမှုနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို တရားရုံးရဲ့ စစ်ဆေးမှုကို ခံယူနေခဲ့ရပြီး အခြားနာမည်ကျော် ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ မိုဒရစ်၊ ဇာဘီအလွန်ဆို၊ ဖယ်လ်ကာအို၊ နည်းပြ မော်ရင်ဟိုတို့လို လူမျိုးတွေပါ အဆိုပါပြသနာနဲ့ ရင်ဆိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

play

 

မီဒီယာများကတော့ စီရော်နယ်ဒိုဟာ ရီးရဲလ်မှ ထွက်ခွာဖွယ်ရှိတယ်လို့ ပြောဆိုခဲ့မှုဟာ အခုလို အခြေအနေနဲ့ ရင်ဆိုင်ရချိန်မှာ ရီးရဲလ်အနေနဲ့ ကစားသမားဘက်က ရပ်တည်ပေးဖို့ ပျက်ကွက်မှုအပေါ် စိတ်ပျက်နေခဲ့တာဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့အထိ စဉ်းစားနေတာဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။ စီရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်အနာဂတ် မတည်မငြိမ်ဖြစ်နေမှုဟာ ယူရို၂၈သန်းအထိ ပေးဆောင်ရမယ့် ဒဏ်ကြေးငွေကြောင့် ဖြစ်တယ်လို့ စပိန်နာမည်ကြီးသတင်းစာ AS က သုံးသပ်ရေးသားခဲ့ပါတယ်။

Source : AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD