AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဇာဗီအလွန်ဆိုဟာ မကြာမီမှာ ရီးရဲမက်ဒရစ်အသင်းမှ လူငယ်အသင်းတစ်သင်းရဲ့ နည်းပြတစ်ယောက်ဖြစ်လာတော့မယ်လို့ သိရပါတယ်။

play

 

ဇာဗီအလွန်ဆိုဟာ ကစားသမားဘ၀မှာ ရီးရဲ ကစားသမားဟောင်းများဖြစ်ကြတဲ့ ဂူတီ၊ဆိုလာရီတို့ခြေရာကို လိုက်မီခဲ့သူ တစ်ဦးဖြစ်ပြီး ဘိုင်ယန် မြူးနစ်အသင်းမှာ ကစားသမားဘ၀ကို အနားယူခဲ့သူလည်း ဖြစ်ပါတယ်။

play

 

လာမယ့်သောကြာနေ့မှာတော့ ၎င်းတက်ရောက်နေတဲ့ UEFA's Elite coaching  သင်တန်း ပြီးဆုံးတော့မှာ ဖြစ်ပြီး ၎င်းရဲ့ ပထမဆုံး နည်းပြ အသိအမှတ်ပြု လိုင်စင်ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

အဆိုပါ လိုင်စင်ကြောင့် အလွန်ဆိုအနေနဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ လူငယ်အသင်းတစ်သင်းသင်းမှာ နည်းပြတစ်ဦးအဖြစ် စတင်တာဝန်ထမ်း ဆောင်ခွင့်ရတော့မှာဖြစ်ပြီး တစ်ရာသီ တာဝန်ထမ်းဆောင်ပြီးပါက စီနီယာအသင်းမှာ တိုးမြှင့် တာဝန်ထမ်းဆောင်နိုင်မယ်လို့လည်းသိရပါတယ်။

အလွန်ဆိုနဲ့အတူ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရာအူးလ်လည်း တက်ရောက်နေသော်လည်း ရာအူးလ်မှာ ရီးရဲအသင်းတွင် တာဝန်ထမ်း ဆောင်နှင့်နေသူတစ်ဦးဖြစ်ပြီး အလွန်ဆိုမှာ အသင်းက ထွက်သွားပြီး ၄နှစ်အကြာမှာ အကယ်ဒမီမှာ ထမ်းဆောင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

အလွန်ဆိုမှာ ကစားသမားဘ၀တစ်လျှောက် လီဗာပူးအသင်းနဲ့အတူ ကစားခဲ့ဖူးသလို ချန်ပီယံလိဂ် ဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ တစ်ဦး ဖြစ် ပါတယ်။

အဲ့နောက် ရီးရဲအသင်းမှာ ကစားခဲ့ပြီး ရာအူးလ်နဲ့အတူ တွဲဖက်ကစားခဲ့သူ တစ်ဦးဖြစ်ကာ စပိန်လက်ရွေးစင်အသင်းနဲ့လည်းအောင်မြင်မှုတွေ ရရှိ ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD