AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာအတွက်နဲ့ အသင်းမှ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးရော်နယ်ဒိုကို လဲလှယ်ဖို့ဆောင် ရွက်သွားမှာကို လက်မခံကြောင်း အသင်းဂိုးသမားဟောင်း ကာဆီးလက်စ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

ရီးရဲအသင်းရဲ့ သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်တဲ့ရော်နယ်ဒိုက ၎င်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီးမှာ ထုတ်ဖော်ပြောခဲ့မှု ပြုလုပ်ထားခဲ့သူလည်း ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုရဲ့ နောက်နှစ်မတိုင်ခင်အထိပဲ ဆိုတဲ့ ပွဲပြီးပြောစကားနဲ့အတူ ရီးရဲကလည်း နေမာကို ချိတ်ဆက်နေတာကြောင့် ရော်နယ်ဒိုအထွက် နေ မာအ၀င် ပုံစံမျိုး ပြနေချိန်မှာ ရီးရဲ ဂိုးသမားဟောင်း ကာဆီးလက်စ်က အခုလိုပဲ ပြောခဲ့တာ ဖြစ်ပါတယ်။

"ရော်နယ်ဒိုဆိုတာ ကျွန်တော် တွဲကစားလာတဲ့သူတွေထဲမှာအကောင်းဆုံး တွဲဖက်တစ်ဦးပါပဲ။မဖြစ်နိုင်တာတွေလည်း လုပ်ပြနိုင်သူပါ။ဒါ့အပြင် တစ်နေ့ထက်တစ်နေ့လည်းတိုးတက်နေတဲ့ကစားသမားတစ်ယောက်ပါ။ဘယ်သူတွေဘယ်လိုပြောပြောသူ မက်ဒရစ်မှာ ပျော်နေတယ်လို့ ထင်ပါ တယ်။သူရီးရဲမှာ အမြဲတမ်း ရှိနေအုံးမှာပါ။သူထွက်သွားမယ်လို့လည်း မထင်ပါဘူး။သူဟာ ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်တဲ့ ဒီစတီဖာနိုနဲ့တောင် နှိုင်းယှဉ်ထိုက်တဲ့သူတစ်ဦးပါ။ကျွန်တော့်ကိုသာ နေမာနဲ့သူ့ကိုလဲမလားလို့ ပြောလာရင် နိုးလို့ပဲ ပြောမိမှာပါ။ကုန်ကုန်ပြောရရင် ရော်နယ်ဒိုကို ဘယ် ကစားသမားနဲ့မှ မလဲနိုင်ပါဘူး။ရော်နယ်ဒိုက မက်ဒရစ်ပါပဲ။" လို့ ကာဆီးလက်စ်က ရော်နယ်ဒိုအပေါ် သဘောထားကို ထုတ်ဖော်ပြောခဲ့ပါ တယ်။

ဒါ့အပြင် ကာဆီးလက်စ်က နေမာအနေနဲ့ နောက်ထပ် ကြီးမားတဲ့ အပြောင်းအရွှေ့ တစ်ရပ်မဖြစ်ဖို့ ရှောင်ရှားသင့်တယ်လို့ ပြောခဲ့သလို ဘာစီလို နာကနေထွက်ခွာသွားတာလည်း နားမလည်နိုင်အောင်ဖြစ်နေရတယ်လို့ အသက် ၃၇ နှစ်အရွယ် ဂိုးသမားက ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ယခုနှစ်မှာ ရီးရဲနဲ့အတူ ချန်ပီယံလိဂ်ဖလား ရခဲ့သလို ကစားသမားဘ၀တစ်လျှောက် ၅ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD