AD
AD
AD

ရီးရဲလ်မက်ဒရစ်အသင်းဟာ အောင်မြင်မှုဗီဇတွေ ပြသနေချိန်မှာတော့ ဘာစီလိုနာအသင်းဟာ အိပ်မောကျနေခဲ့တယ်လို့ ဘာစီလိုနာ ဂန္ထ၀င်ကစားသမားကြီး ဇာဗီက ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းမှာ ခမ်းနားကြီးကျယ်တဲ့ ကစားသမားဘ၀ကို ပိုင်ဆိုင်ခဲ့တဲ့ ဇာဗီက လာလီဂါထိပ်သီးအသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ ရီးရဲလ်မက်ဒရစ်ရဲ့နောက်မှာ မျက်ခြေပြတ်နေခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

play

 

တနင်္ဂနွေနေ့အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိပြီးတဲ့နောက် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဖလားကို (၃) နှစ်ဆက် ဆွတ်ခူးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာကတော့ စပိန်ပြည်တွင်းဖလားတွေဖြစ်တဲ့ လာလီဂါနဲ့ ဘုရင့်ဖလားတွေကို ဆွတ်ခူး ခဲ့ပေမယ့် ကစားသမားဟောင်းကြီးက အထက်ပါအတိုင်း ပြောဆိုဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၄)လုံး ရယူနိုင်ခဲ့တဲ့ ဇာဗီက စပိန်ချန်ပီယံအသင်းဟာ ဆွာရက်ဇ်၊ ကော်တင်ဟို၊ ဒမ်ဘီလီတို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် ဥရောပပြိုင်ပွဲမှာတော့ ငြိမ်သက်နေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း ပူယိုးလ်ကလည်း ရီးရဲလ်အသင်းအောင်မြင်မှုနဲ့ နှိုင်းယှဉ်ပြီး ဘာစီလိုနာကို သတိပေး ပြောဆိုခဲ့ ပါသေးတယ်။

play

 

" မက်ဒရစ်က အောင်မြင်မှုမျိုးစေ့တွေ ရရှိနေချိန်မှာ ဘာစီလိုနာကတော့ အိပ်မောကျနေခဲ့ပါတယ်၊ သူတို့ဟာ ကစားသမားကောင်းတွေကို ခေါ်ယူခဲ့ပေမယ့် ငြိမ်သက်နေခဲ့ပါတယ်" လို့ ဇာဗီက အရင်ဆုံးပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဇာဗီက ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ကံကောင်းမှုတွေကို ပြောဆိုခဲ့ပြီး ဒိုင်လူကြီးရဲ့ ဖေးမမှုတွေလည်း ရရှိခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။

play

 

" သူတို့ဟာ ကံကောင်းခဲ့ပါတယ်၊ နေမာ၊ ရော်ဘင်နဲ့ ဂျရုန်းဘိုတန်တို့ ဒဏ်ရာရရှိနေချိန်မှာ ကစားခဲ့ရပြီး ဒိုင်လူကြီးရဲ့ ဖေးမမှုတွေလည်း ရရှိခဲ့ပါတယ်" လို့ ဇာဗီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇာဗီက လီဗာပူးလ်အသင်းမှာ ချိန်ဘာလိန်၊ ဆာလာတို့ ဒဏ်ရာရရှိခဲ့တာကို ထောက်ပြခဲ့သလို ဘိုင်ယန်ဂိုးသမား အူရစ်ရဲ့ အမှားအယွင်းတွေကြောင့်လည်း ရီးရဲလ်မက်ဒရစ် ကံကောင်းခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းရဲ့ ဥရောပကျဆုံးမှုတွေအပေါ်မှာ ကစားသမားဟောင်းတွေက အားမလိုအားမရဖြစ်နေခဲ့ပြီး အဓိကပြိုင်ဘက် ရီးရဲလ် မက်ဒရစ်ရဲ့ အောင်မြင်မှုအပေါ်မှာ သူတို့ကိုယ်တိုင်လည်း စိတ်မသက်မသာဖြစ်နေခဲ့မှုကို ရှင်းလင်းစွာ သိခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ စပိန်ရဲ့ အကြီးမားဆုံး အသင်းနှစ်သင်းကြားက ပြိုင်ဆိုင်မှု ပြင်းထန်မှုတွေကိုလည်း ပိုမိုပေါ်လွင်စေခဲ့ပါတယ်။

Source : fotmob

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD